Aug 21, 2024
မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်သကဲ့သို့ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်နေသဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Aug 21, 2024
ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ(ဇုန်-၁)၊ အုပ်စုအဆင့်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။
Aug 21, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Aug 21, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိရာ တစ်နေ့တန် ၂၀ ထုတ်လုပ်နိုင်သည့် ထုပ်ပိုးစက္ကူစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်နေမှု၊ စစ်ဆေးပြုပြင်ပြီး စက်ကိရိယာများ စမ်းသပ်လည်ပတ်မောင်းနှင်နေမှု၊ အလိုအလျောက်ထိန်းချုပ်မောင်းနှင်သည့်စနစ်များ စစ်ဆေးပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Aug 21, 2024
ပြီးခဲ့သည့်နှစ်များက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ကြောက်မက်ဖွယ်ကောင်းသော ကိုဗစ်-၁၉ကပ်ရောဂါဆိုးကြီးကို ကြုံတွေ့ခဲ့ကြရသည်။ တစ်ကမ္ဘာလုံးအား အန္တရာယ်ပေးလာနိုင်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အသိပေးထုတ်ပြန်ကြေညာပြီး ရောဂါကာကွယ်ကုသထိန်းချုပ်ရေးကို အပြင်းအထန်ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါရောဂါမှာ ကင်းစင်သလောက်ရှိပြီဖြစ်သည်။
Aug 21, 2024
မြန်မာနိုင်ငံတွင် သမဝါယမစနစ်တည်ရှိခဲ့သည်မှာ လာမည့်နှစ်ဆိုလျှင် နှစ်ပေါင်း ၁၂၀ တင်းတင်းပြည့်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးသော သမဝါယမအသင်းအဖြစ် ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖွဲ့စည်းမှတ်ပုံတင်ခဲ့သည့် မြင်းမူမြို့နယ် ငွေစုငွေချေးသမဝါယမအသင်းမှ အစပြုခဲ့သော သမဝါယမစနစ်သည် ခေတ်အဆက်ဆက်တွင် အနိမ့်အမြင့်၊ အတက်အကျများဖြင့် ဆက်လက်ရှင်သန်နေခဲ့ရာ ယနေ့ထိတိုင်ပင်ဖြစ်သည်။
Aug 20, 2024
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဲကုန်း၊ အုတ်ဖို၊ နတ်တလင်း စသည့်မြို့နယ်များတွင် စစ်မှုထမ်းဆောင်ရန် တစ်မြို့နယ်လျှင် လူ ၂၀ နှုန်း အဓမ္မလူစုဆောင်းနေကြောင်း၊ ညဘက်လူအိပ်ချိန်တွင် အိမ်ထဲထိ ဝင်ရောက်ဆွဲခေါ်နေကြောင်း၊ အသက်မပြည့်သေးသောသူများလည်း ပါဝင်နေကြောင်း၊ စစ်မှုထမ်းကာလ ၅ နှစ်တာဝန်ထမ်းဆောင်ရန် လက်မှတ်ရေးထိုးခိုင်းနေကြောင်းစသည်ဖြင့် မဟုတ်မမှန်ဝါဒဖြန့်သတင်းများကို ပြည်ဖျက်မီဒီယာ DVB က အခြေအမြစ်မရှိဘဲ ရေးသားဖြန့်ဝေနေသည်ကို သိရသည်။
Aug 20, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စစ်ရှောင်ပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၇ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 20, 2024
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဩဂုတ်လ ၁၉ ရက်နေ့က မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Aug 20, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၆ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၈၇၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 20, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 20, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များက တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 20, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာအနီး ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်ကို ကြည့်ရှုစစ်ဆေးသည်။
Aug 20, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မန္တလေးတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 20, 2024
အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၅) ဖွင့်ပွဲအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Aug 20, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး စက်ရုံရိပ်သာခန်းမ၌ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Aug 20, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၆/၄ ရှိ Three Red Star ကုမ္ပဏီလီမိတက်၏ ရော်ဘာခြံနှင့် ရော်ဘာ၊ ကော်ဖီတွဲဖက်စိုက်ပျိုးရေးခြံကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများက ရော်ဘာ ဧက ၁၀၀၀ စိုက်ပျိုးထားရှိမှုနှင့် မြေပြန့်ကော်ဖီမျိုး ၁၆၅ ဧက တွဲဖက်စိုက်ပျိုးထားရှိမှု၊ ကော်ဖီအသီး စတင်ဆွတ်ခူးနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
Aug 20, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အကြီးအကဲ Mr. Sajjad Mohammad Sajid တို့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 20, 2024
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ မေတ္တာအခါတော်နေ့အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Aug 20, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာန/အဖွဲ့ အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
