Sep 04, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁) ဦးအား မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၈ ၃၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
Sep 04, 2020
(၁၁)ကြိမ်မြောက် ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်မှု ပြန်လည်သုံးသပ်ရေးအဖွဲ့၏ ပထမ အကြိမ် Resumed အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး နှင့် စပ်လျဉ်း၍ အစိုးရလုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂ ရက် အထိ လည်း ကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအထွေထွေညီလာခံ အထူးအစည်းအဝေး (UNGASS) ၏ ပထမ အကြိမ်မြောက် Intersessional အစည်းအဝေးကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ လည်းကောင်း Virtual Format ဖြင့် ကျင်းပသည်။
Sep 04, 2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့- ILO နှင့် UN Women Myanmar တို့ပူးပေါင်း၍ Safe and Fair Project ပါ အာဆီယံ ဒေသတွင်းရှိ အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့် အရေးများနှင့် အခွင့်အလမ်းများ ရရှိ စေခြင်းနှင့် စပ်လျဉ်းသည့် အမျိုးသား အကြံပေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Virtual meeting ဖြင့်ကျင်းပသည်။
Sep 04, 2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ လှည်းကူးမြို့နယ် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် ကိုဗစ်-၁၉ ကျန်းမာရေးစင်တာမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မှ ကိုဗစ် - ၁၉ ရောဂါ လူနာများကို စင်တာတွင် လက်ခံကုသပေးနိုင်ရေး သြဂုတ် ၃၁ ရက် ညနေ ၄ နာရီက ဧည့်ရိပ်သာတွင် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
Sep 04, 2020
မြောင်းမြ စက်တင်ဘာ ၄
Sep 04, 2020
၁။ (၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၉၄) ခုအား စစ်ဆေးခဲ့ပြီး
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၇၅) ဦးတွေ့ရှိခဲ့ပါသည်။ (လူနာများ ဓာတ်ခွဲတွေ့ရှိမှု သတင်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)
Sep 04, 2020
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကို စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။
Sep 04, 2020
အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာအင်တာနက် စမ်းသပ်အကဲဖြတ်ရေး ဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookal က မြန်မာနိုင်ငံ တွင် လူဦးရေ ၁၅ သန်းကျော်ကို ဖိုက်ဘာ (Fixed)ကွန်ရက် ၀န်ဆောင်မှုပေးနေသော 5BB Broadband သည် Downland 57.97 Mbps ဖြင့် ကမ္ဘာ့အဆင့် သုံးဆင့် မြင့်တက်ကာ အဆင့် ၁၁၈ သို့ ရောက်ရှိသွားကြောင်း ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ MICT Park ၀င်းရှိ 5BB Broadband ရုံးချုပ်၌ တာဝန်ရှိသူက ပြောသည်။
Sep 04, 2020
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၇၇၂ ဦးသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ယနေ့တွင် ဆက်လက် ဝင်ရောက်လာကြောင်း သိရသည်။
Sep 04, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ TERUMO SINGAPORE PTE, LTD (ရန်ကုန်ရုံးခွဲ)မှ အကြောဆေး သွင်းရာတွင် ထိန်းညှိပေးသော စက် (Infusion Pumps) ငါးလုံး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေ သနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။