Skip to main content

Safe and Fair Project ၏ အမျိုးသားအကြံပေးကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၄

 အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့- ILO နှင့် UN Women Myanmar တို့ပူးပေါင်း၍ Safe and Fair Project ပါ အာဆီယံ ဒေသတွင်းရှိ အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့် အရေးများနှင့် အခွင့်အလမ်းများ ရရှိ စေခြင်းနှင့် စပ်လျဉ်းသည့် အမျိုးသား အကြံပေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Virtual meeting ဖြင့်ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အမျိုးသား အကြံပေး ကော်မတီအဖွဲ့ဝင်များ၊ UN Resident Coordinator Office မှ UN Resident and Humanitarian Coordinator Mr. Ola Almgren ၊ ဥရောပသမဂ္ဂကိုယ်စားလှယ်၊ Dr. Johann Hesse, Chargéd’AffairesILO Myanmar မှ Liaison Officer Mr. Donglin Li နှင့် UN Women Myanmar မှ Country RepresentativeMr. Nicholas Burniat တို့တက်ရောက် ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက Safe and Fair Project အကောင်အထည် ဖော်ရာတွင်ပိုမိုထိရောက်မှု ရှိစေရေး ILO နှင့် UN Women Myanmar တို့အား အကြံဉာဏ်များ ပံ့ပိုးပေးနိုင်ရေး၊ ဘေးကင်း လုံခြုံပြီး မျှတမှုရှိသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဖြစ်စေရေး နှင့်လူကုန်ကူးခံရခြင်း၏ ဆိုးကျိုးများ လျှော့ချ ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးရန်ဖြစ်ကြောင်း၊ စီမံကိန်း၏ မဟာဗျူဟာများနှင့် ဦးစားပေး ကဏ္ဍများ အပေါ် အကြံပြုချက်များ ပံ့ပိုးပေးရန်၊ စီမံကိန်းအကျိုးရလဒ်များကို စောင့်ကြည့်လေ့လာရန်၊ အစီရင် ခံစာများအပေါ် ပြန်လည်ဆွေး နွေးသုံးသပ်ရန်နှင့် အကြံပြုချက်များပေးနိုင်ရန် ရည်ရွယ်၍ အစည်း အဝေး ကျင်းပခြင်းဖြစ် ကြောင်း၊ Safe and Fair Project စီမံကိန်းအရ ရွှေ့ပြောင်း လုပ်သားများ ထောက်ပံ့ ကူညီရေး ဗဟိုဌာနမှ ဝန်ထမ်းများအတွက် အကြိုသင်တန်းများဖွင့်လှစ်နိုင်ခဲ့ပြီး ဟင်္သာတမြို့၊ အောင်လံမြို့၊ လွိုင်ကော်မြို့တို့တွင် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRCs)များ ဖွင့်လှစ်ခဲ့ပြီး မိုးညှင်း မြို့တွင် ဆက်လက်ဖွင့်လှစ်ရန်ကျန်ရှိကြောင်း၊ ဧရာဝတီ တိုင်းဒေသ ကြီးတွင် ဆောင်ရွက်မည့် အသိပညာပေး လုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက် များနှင့်အညီ တိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင် ရွက်ရန်လိုကြောင်း။

အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ငန်းခွင်အတွင်း ဥပဒေပါအခွင့် အရေးများဆုံးရှုံးမှုမရှိရေး၊ အကြမ်းဖက်မှုများ မခံရရေးလိုအပ်သည့် လူမှုကာကွယ်စောင့် ရှောက်မှုများပေးရန်လိုကြောင်း၊ အလုပ်သမား သံအရာရှိ များနှင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာ သံရုံးများမှ သံအမတ်ကြီးများ၏ ဦးဆောင်မှုဖြင့် ကူညီဆောင် ရွက်ပေးလျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှုကြောင့် ပြန်လည် ဝင်ရောက်လာသူ ရွှေ့ပြောင်း လုပ်သား တစ်သိန်းခွဲကျော်သွားပြီဖြစ်၍ ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်ထိ အကောင် အထည်ဖော် ဆောင်ရွက် မည့် Safe & Fair စီမံကိန်း၏ ရှေ့လုပ်ငန်းစဉ်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်ခံစားရသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် အလုပ်သမား များအားလုံး ကို ဦးတည်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ အခက်အခဲ အကြပ်အတည်းများကို အောင်မြင်စွာကျော်လွှားနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များမှ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် UN Resident Coordinator Office ၊ ဥရောပသမဂ္ဂကိုယ်စားလှယ်၊ ILO နှင့် UN Women Myanmar တို့မှ ဌာနေကိုယ်စားလှယ်တို့က အမှာစကားပြောကြားပြီး အစည်း အဝေးအစီအစဉ်အတိုင်း ဆက်လက် ကျင်းပရာ ILO နှင့် UN Women တို့က ရွှေ့ပြောင်းသွားလာခြင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး စီမံချက်များ၊ Safe & Fair စီမံကိန်းနှင့်စပ်လျဉ်း၍ ၂၀၂၀ လုပ်ငန်းအစီအစဉ်၊ အခြားအာဆီယံ နိုင်ငံများတွင် လုပ်ဆောင် နေမှုများ၊ ၂၀၂၀ ပြည့်နှစ်တွင် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေး၍ တက်ရောက်လာသူများက လိုအပ်သည်များအကြံပြုဆွေးနွေးပြီး အလုပ်သမား ညွှန်ကြား ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး တို့ကနိဂုံးချုပ် ပြောကြားခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)