Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေး

နေပြည်တော်   စက်တင်ဘာ  ၂၂

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများမှ တင်ပြလာသည့် လုပ်ငန်းတည်ဆောက်ရေးကာလ စတင်သည့်နေ့ရက် သတ်မှတ်ခွင့်နှင့် အတည်ပြုမိန့်တွင် စုစုပေါင်းမတည်ငွေရင်း ပမာဏပြင်ဆင်ခွင့်အား ဆွေးနွေးအတည်ပြုပေးခဲ့ကြ သည်။

အစည်းအဝေးသို့ ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကော်မတီအဖွဲ့ဝင် များဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးနှင့် တာဝန် ရှိသူများ၊ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ က Video Conferencing စနစ်အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်၊ပြန်/ဆက်)