Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၈၂) ဦး အား နိုင်ငံသား စိစစ်ရေးကတ်ပြား နှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်

တောင်ကြီး        စက်တင်ဘာ        ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်များ ပေးအပ်ခြင်းကို ယနေ့နံနက်  နာရီအချိန်ခန့်က လားရှိုးမြို့ အစိုးရနည်းပညာ ကောလိပ်ကျောင်းခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးနေလင်းတို့ မှ လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စု ၊ ဆုံကွယ်ကျေးရွာ၊ စစ်မှုထမ်းဟောင်း ကျေးရွာ၊ မန်ကုန်းကျေးရွာ၊ နမ့်နွမ်း ကျေးရွာ၊ကွန်လွိုင်ကျေးရွာ၊ကောင်းအိုင်ကျေးရွာ များရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများနှင့် Covid-19 ရောဂါကာကွယ်ရေး အတွက် ကျန်းမာရေးသုံးပစ္စည်း ဖြစ်သည့် mask(၁၅၀၀) Hand Gel () ဘူး တို့ကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ မိခင်ကလေး စောင့်ရှောက်ရေး ခန်းမတွင် ဟိုပိတ်ကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ Covid-19 ကာလ အတွင်း နိုင်ငံတော်မှထောက်ပံ့ပေးသော တစ်ဦးလျှင် ငွေကျပ်() သောင်းစီနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ covid-19 ရောဂါ ကာကွယ်ရေးအတွက် mask (၁၅၀၀) ခု၊ Hand Gel () ဘူး တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ယမန်နေ့ ညနေ()နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် Covid-19 ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့နှင့် သီပေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံရာတွင် သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ မှမဲဆန္ဒရှင်စာရင်းများ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များစသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြီး မြို့နယ် Covid-19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရင်ထွေး မှ Covid-19 ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ် မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်း နှင့် စစ်ဆေးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်း ၊ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က မြို့နယ် Covid-19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်း ဖြစ်သည့် mask(၂၅၀၀)ခု ပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးရင်ထွေး မှ လက်ခံရယူပြီး ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း ၊ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့နယ် စင့်အင်ကျေးရွာ၊ ပုန်းထွန် ကျေးရွာ၊ နောင်ကွဲကျေးရွာ နှင့် ခေးနင်းကျေးရွာ ရှိအသက်(၈၀နှင့်၈၅)အထက် ဘိုးဘွားတို့အား နိုင်ငံတော် မှ ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်စီ နှင့် ကျေးရွာ()ရွာချင်း အတွက် ကိုဗစ်-19 ရောဂါကာကွယ်ရေးအတွက် mask(၁၅၀၀) စီ နှင့် Hand Gel ()ဘူးစီ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)