နေပြည်တော် အောက်တိုဘာ ၂၄
စင်ကာပူရှိ မြန်မာသံရုံးနှင့် တိုကျိုမြို့ရှိ မြန်မာသံရုံးတို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်များပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန် ချောအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ မြန်မာသံရုံး(၂)ရုံးမှ ပြန်လည်ပေးပို့လာသည့် ချိပ်ပိတ်ထားသော ဆန္ဒပြုပြီး မဲလက်မှတ်များပါဝင်သည့် အထုပ်များကို ယနေ့ နံနက် ၆ နာရီတွင် လုံခြုံရေးအစောင့် အရှောက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)မှ ဌာနပိုင်ယာဉ်ဖြင့် စတင်ပို့ဆောင်ခဲ့ရာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှတစ်ဆင့် နေပြည်တော်အဝင် Toll Gate သို့ နံနက် ၁၁ နာရီ တွင် ရောက်ရှိသည်။ ၎င်းဆန္ဒမဲလက်မှတ်ပါအထုပ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများထံသို့ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ စနစ်တကျချက်ချင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။
နိုင်ငံပြင်ပသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ပရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် မဲရုံနှင့် မဲရုံခွဲများ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ဆန္ဒပြုပြီးကြိုတင်ဆန္ဒမဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လာရာ အောက်တိုဘာ ၁၄ ရက်တွင် ရုံး(၄)ရုံးတို့မှ ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ရုံး(၂)ရုံးတို့မှ ဆန္ဒမဲ လက်မှတ်များကိုလည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် ရုံး(၂၈)ရုံးတို့မှ ဆန္ဒမဲလက်မှတ် များကိုလည်းကောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် ရုံး(၈)ရုံးတို့မှ ဆန္ဒမဲလက်မှတ်များကို လည်းကောင်း၊ ယနေ့တွင် ရုံး(၂)ရုံးမှ ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း လက်ခံရရှိခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အဆိုပါ နေ့ရက်များ၌ပင် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ယခုအချိန်အထိ ရုံး(၄၄)ရုံးတို့မှ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို စနစ်တကျ လွှဲပြောင်းပေးအပ်ပြီးဖြစ် ကြောင်း သိရသည်။
ကျန်ရှိသည့် ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဆန္ဒပြုပြီးကြိုတင် ဆန္ဒမဲလက်မှတ်များကို ပြန်လည်ပေးပို့ထားပြီး ယင်းမဲလက်မှတ် များသည်လည်း မြန်မာနိုင်ငံ သို့ မကြာမီ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)