Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် တွေ့ဆုံ

နောင်ချို အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  အောက်တိုဘာလ  ၂၃ ရက်နေ့ မွန်းလွှဲ ၂ နာရီခွဲက  နောင်ချိုမြို့အဝင် ခြေမြစ်ပင်စစ်ဆေးရေးဂိတ်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ  လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ရန် အလှူငွေကျပ် (၁၀) သိန်းနှင့် စားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းနှင့် မြို့နယ်ဆရာဝန်ကြီးတို့က လက်ခံရယူခဲ့သည်။

၎င်းနောက်  ပြည်နယ်ဝန်ကြီးချုပ်က  စစ်ဆေးရေးဂိတ်တွင်  ဆောက်ရွက်နေမှု  အခြေအနေ၊   တွေ့ကြုံရသည့် အခက်အခဲ၊ ဆောင်ရွက်ပေးရန် လိုအပ်ချက်များအား မေးမြန်းခဲ့ရာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ပြန်လည်တင်ပြခဲ့ကြကြောင်း သိရသည်။

ထွေးငယ် (နောင်ချို)