ရန်ကုန် အောက်တိုဘာ ၂၄
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဝယ်ယူထားသော ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ KY 3147 (KMG – RGN) Cargo လေယာဉ်သည် အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ 8M791 (KMG – RGN) Cargo လေယာဉ်သည် ယနေ့နံနက် ၄ နာရီ ၃၅ မိနစ် တွင်လည်းကောင်း၊ KY3143 (KMG – RGN) Cargo လေယာဉ်သည် နံနက် ၅ နာရီ မိနစ် ၄၀ တွင်လည်းကောင်း၊ CZ3055 (CAN - RGN) လေယာဉ်သည် နံနက် ၉ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ KY 3145 ( KMG – RGN) လေယာဉ်သည် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ KY 3147 (KMG - RGN)လေယာဉ်သည် ည ၉ နာရီတွင်လည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ 8M794 Cargo လေယာဉ်သည် နံနက် ၄ နာရီ ၁၂ မိနစ်တွင် လည်းကောင်း အသီးသီးရောက်ရှိကြသည်။
ယနေ့အထိ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများမှာ KN95 Masks ၉၉၅၄၈၀၀၊ Protective Face Masks ၅၀၀၀၀၀၊ PPE Medical Protective Clothing ၉၂၀၀၀၊ Boots ၁၅၉၀၀၊ Face Shields ၆၀၀၀၀၀၊ Surgical Gloves ၂၀၀၀၀၀ တို့ဖြစ်ကြောင်း သိရသည်။
အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့သို့ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၃ ရက်အတွင်း အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်