ဘားအံ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယနေ့နံနက် ၉ နာရီ အချိန်ခန့်က ဘားအံမြို့ အမှတ်(၇)ရပ်ကွက် မန်းဘခိုင်လမ်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံး (၂)ထပ် အဆောက်အဦသစ်အား ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးတို့သည် အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြပြီး ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူကျော်က ဖွင့်ပွဲ အထိမ်းအမှတ်အလံကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်သည်။
ယနေ့ဖွင့်လှစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံး(၁)ထပ် အဆောက်အဦသစ်သည် သံကူကွန်ကရစ်(၈၀×၃၀) အမျိုးအစားဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ်(၁၂၃ ဒသမ ၈၉) သန်း ဖြင့် Million Effect Co.,Ltd မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တာဝန်ယူစတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၈ နေ့တွင် ပြီးစီး၍ ယနေ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)