Skip to main content

Jan 05, 2025

၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေးဌာနအောက်ရှိ ဓာတ်ဆီအရောင်းဆိုင်များအနက် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေးရှိ ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၃၅၄) ကို ယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ပြီး သုံးဘီးမော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်ဆီများကို ဒေသန္တရပေါက်ဈေးထက် သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2025

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia အား ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2025

​​​​​​​ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသားများသည် အရေးကြီးသည့်အခါ သွေးနီးပြီး အရေးကြုံသည့်အခါ သွေးဆုံကာ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တစ်သွေးတည်း၊ တစ်သားတည်းတစ်အူထုံ့ဆင်း ဆွေမျိုးရင်းချာစိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အရယူခဲ့ကြသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင်အရင်းခံဖြစ်သကဲ့သို့ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကို ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2025

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ၏ပညာရေးသည် ပထမ၊ ပညာရေးသည် ဒုတိယ၊ ပညာရေးသည် တတိယ အရေးအကြီးဆုံးဖြစ်သည်ဟု ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့သူ တိုနီဘလဲက ပြောခဲ့ဖူးသည်။ ထိုစကားသည် ရွေးကောက်ပွဲအတွက် မဲဆွယ်ရန်ပြောသည့် စကားဟုဆိုစေကာမူ မှတ်သားလောက်စရာလည်းဖြစ်သည်။ ပညာရေးကဏ္ဍကိုအာရုံစိုက်၍ အလေးအနက်ထားရင်းနှီး မြှုပ်နှံခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်