Sep 19, 2022
ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေများအရ ဖြစ်ပေါ်လာသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် စက်ရုံ၊ အလုပ်ရုံ ၂၉၁ ရုံနှင့်အလုပ်သမား ၁၀၄၇၉၈ ဦး အလုပ်ရပ်နားခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈ ရက်အထိ ကာလအတွင်း အသစ်ဖွင့်လှစ်သည့်စက်ရုံ၊ အလုပ်ရုံ ၁၁၄ ရုံနှင့် ပြန်လည်ဖွင့်လှစ်သည့်စက်ရုံ ၁၀၀ ရုံရှိသဖြင့် စုစုပေါင်း ၂၁၄ ရုံရှိခဲ့ပြီး အလုပ်သမား ၅၄၈၁၉ ဦး အလုပ်အကိုင်များ ပြန်လည်ရရှိစေခဲ့ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
Sep 19, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (Office of The United Nations High Commissioner for Refugees - UNHCR) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte နှင့်အဖွဲ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 19, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၂/၂၀၂၂ (မန္တလေး)နှင့်
Sep 19, 2022
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿ ကျပ် ၄၆၉၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Sep 19, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာတွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက် ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ် ကုန်လှောင်ရုံ၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားခြင်း မရှိသော Button punching Machine နှင့် CMP Accessories များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၃၃၀,၃၀၀)ကို လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဖြည့်စွက်ဆေးဝါးများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၃၆၄,၅၃၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅,၆၉၄,၈၃၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Sep 19, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပမည့် Global Fisheries Forum and Seafood Expo Russia Forum ၌ မြန်မာနိုင်ငံ ရေထွက်ကုန်ကဏ္ဍနှင့် ပတ်သက်၍ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ကဏ္ဍနှစ်ရပ်နှင့်အတူ ရုရှားနိုင်ငံမှပင်လယ်ငါးကို မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြန်လည်တင်ပို့နိုင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Sep 19, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီ/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 19, 2022
ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် လျာထားလုပ်ငန်းများကို စီမံချက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
Sep 19, 2022
ယခုတည်ဆောက်မည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာသည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကနဦးအစပြုသည့် အမှတ် အသားတစ်ခုဖြစ်သဖြင့် အဆောက်အအုံ အမြန်ဆုံး ပြီးမြောက်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းပေးကြ စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အဆောက်အအုံ အုတ်မြစ်စီ မင်္ဂလာအခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။
Sep 19, 2022
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် လျက်ရှိပြီး ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၌ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက် လာသော တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်နိုင်အောင် ငြိမ်းချမ်းရေးကို အမြဲတံခါးဖွင့်ကြိုဆိုပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထပ်မံ၍ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသော လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုများကို ချုပ်ငြိမ်းသွားအောင် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။