Skip to main content

Jan 04, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန CPU အဖွဲ့ဝင်များနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျရောက်မည့် အလုပ်သမားဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၅၁) တွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghi-mire အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ် (၁၊ ၂ နှင့် ၃) တို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ လွန်ဆွဲ (အမျိုးသား၊ အမျိုး သမီး)၊ ထုပ်ဆီးတိုး (အမျိုးသမီး) တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ရောက်ရှိခဲ့သည်။ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း (၇၇) နှစ်ပြည့်မြောက်ပြီဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်သော မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသလို လွတ်လပ်ရေးနှင့်ထိုက်တန်သည့် တန်းတူညီမျှအခွင့်အရေးများရရှိစေရန် ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား ယနေ့ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်မင်္ဂလာအခါသမယ၌ တိုင်းရင်းသားပြည်သူများအားလုံး စိတ္တသုခ၊ ကာယသုခနှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2025

လွတ်လပ်ရေးဆိုသည်မှာ တစ်ဦးတစ်ယောက် ကောင်းစားရန်ဖြစ်စေ၊ အများကောင်းစားရန်ဖြစ်စေ ပြုလုပ်ရာတွင် အခြားတစ်ဦးတစ်ယောက်၏အကျိုးကိုဖြစ်စေ၊ အခြားသူများ၏အကျိုးကိုဖြစ်စေ မထိခိုက်စေဘဲ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက်လုပ်နိုင်ခြင်းသည် လွတ်လပ်ရေးဖြစ်သည်ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဖွင့်ဆိုခဲ့သည်။ ထို့ပြင် လွတ်လပ်ရေးဆိုသည့်အဓိပ္ပာယ်သည် စည်းနှင့်ကမ်းနှင့်သဘောမျိုးသာဖြစ်ကြောင်း၊ လွတ်လပ်ရေးရသည့်အခါတွင် တိုင်းပြည်သည် ပို၍စည်းကမ်းရှိဖို့လိုသည်ဟူ၍လည်း ညွှန်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်