Skip to main content

Jan 07, 2025

Naypyitaw State Academy ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ လူမှုရေးပညာအထူးပြုမောင်မယ်သစ်လွင်ကျောင်းသား ကျောင်းသူများ၊ စီးပွားရေး၊ ဥပဒေ၊ အားကစား၊ ဆေးပညာအထူးပြု ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုမြှင့်တင်ခြင်း “Digital Skill Up Training (TOT)” သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2025

ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနှင့် ပြည်ထောင်စုကြီး၏ အရိပ်အာဝါသအောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွစုပေါင်းနေထိုင်ခဲ့ကြသည်။ သို့သော် ကိုလိုနီနယ်ချဲ့တို့၏ မတရားကျူးကျော်သိမ်းပိုက်ခြင်းခံရပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံတော်ကို တန်ဖိုးထားမြတ်နိုးကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးက ရဲစွမ်းသတ္တိအပြည့်ဖြင့် တပ်မတော်နှင့်အတူလက်တွဲ၍ နယ်ချဲ့တို့ကိုတွန်းလှန်ခဲ့ရာ လုံးဝလွတ်လပ်သော နိုင်ငံအဖြစ် ပြန်လည်ရရှိပိုင်ဆိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2025

နိုင်ငံတော်အစိုးရသည် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ ပြည်တွင်းသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းထုတ်ကုန်များ ပြည်ပသို့ တင်ပို့နိုင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးလျက်ရှိသည်။ ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကြီးမားသည့် အနှောင့်အယှက်၊ အဟန့်အတားတစ်ခုမှာ တရားမဝင်ကုန်သွယ်မှုပင်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများက ပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၏ ဈေးကွက်ကို လုယူသွားနိုင်သကဲ့သို့ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ မျှတစွာယှဉ်ပြိုင်နိုင်မှုကိုလည်း ပျောက်ဆုံးစေသည်။ အကျိုးဆက်အနေဖြင့် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများ၏ ရပ်တည်မှုကို ထိခိုက်စေပြီး MSME လုပ်ငန်းများ ထူထောင်လုပ်ကိုင်ရေး၊ ဖွံ့ဖြိုးရေးတို့ကို နှောင့်နှေးသွားစေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2025

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်း KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာများအတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၉-၁၂-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၁-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၄၆၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 06, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2025

၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 06, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်