Jan 09, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင် မွေးမြူရေးဇုန် (၃) ရှိ SUNJIN Myanmar Co.,Ltd. ၏ အအေးခန်းမွေးမြူရေးစနစ် (Cooling System) မျိုး ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုရာ ခြံတာဝန်ခံက မွေးမြူရေးခြံအတွင်း မျိုးဝက်မ အကောင် ၁၂၀၀၊ မျိုးဝက်သိုး အကောင် ၂၀ မွေးမြူထားရှိမှုနှင့် တစ်နှစ်လျှင် သားပေါက်ကောင်ရေ ၃၀၀၀၀ ကျော် ရောင်းတမ်းဝင်အဖြစ် ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
Jan 09, 2025
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
Jan 09, 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သီရိလင်္ကာနိုင်ငံသမ္မတ မစ္စတာ အနူရာ ကုမာရ ဒစ်ဆာနာယကထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
Jan 09, 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့လျက်ရှိရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေး ပြည်ပအလုပ်အကိုင်ရေးရာနှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး မစ္စတာဗီဂျစ်သာ ဟီရတ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
Jan 09, 2025
ယနေ့ကာလတွင် ပြည်သူများကြား၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်၍ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရသည်။ အဆိုပါအခက်အခဲသည် ပြည်သူများအတွက် အရေးကြီးသဖြင့် အလေးထားစရာ အရေးကိစ္စတစ်ခုဖြစ်သည်။ ဖြစ်ပေါ်နေသောအခက်အခဲများ ပြေလည်စေရေးနှင့် ဖြစ်စဉ်အမှန်၏ ပကတိအခြေအနေများကို သိရှိနားလည်ပြီး အခက်အခဲများအား ကျော်လွှားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
Jan 09, 2025
မိမိတို့နိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်မှာ “ပါတီစုံဒီမိုကရေစီစနစ်” ခိုင်မာရေးနှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” တည်ဆောက်နိုင်ရေးဖြစ်သည်။ ဒီမိုကရေစီတွင် ပြည်သူသည် ဗဟိုချက်ဖြစ်ရာ ဒီမိုကရေစီနိုင်ငံသားတိုင်း ပညာရည်ပြည့်ဝကြဖို့လိုသည်။ သို့ဖြစ်ရာ နိုင်ငံသားများကို ဒီမိုကရေစီအလေ့အကျင့်ကောင်းများ သင်ကြားပေးနိုင်မည့် ကောင်းမွန်သည့် ပညာရေးစနစ်နှင့် စဉ်ဆက်မပြတ်လေ့လာနိုင်သည့်စနစ်တို့ ဖော်ဆောင်ပေးထားရမည်ဖြစ်သည်။
Jan 08, 2025
၁။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်နှင့် မင်းလှမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁) စီးနှင့် မော်တော်ဆိုင်ကယ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၈၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့၊ မန်းရေနံမြေဝင်းအတွင်း၌ တရားမဝင် ရေနံစိမ်း (၂၃) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၅၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၆၀,၅ဝဝ) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။
Jan 08, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jan 08, 2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာကို ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်လျက်ရှိကြောင်း တွေ့ရှိရသည်။