နေပြည်တော် စက်တင်ဘာ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအောက် ပုံနှိပ်စက်ရုံများသို့ ညွှန်ကြားရေးမှူးချုပ်နှင့်အတူရောက်ရှိပြီး စက်ရုံမှူးများနှင့် အရာထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ ဂျီတီစီပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံနှင့် အောင်ဆန်းပုံနှိပ်စက်ရုံတို့တွင် ရွေးကောက်ပွဲဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ၊ ကျောင်းသုံးစာအုပ်နှင့် ဌာနဆိုင်ရာများမှ အပ်နှံသည့် ပုံနှိပ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား အမှားအယွင်းချို့ယွင်းအားနည်းချက်မရှိအောင် အဆင့်ဆင့်စိစစ်ဆောင်ရွက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ အချိန်မီပြီးစီးရေးနှင့် စက်ရုံသန့်ရှင်းရေး၊ ပုံနှိပ်စက်များ ရေရှည်အသုံးပြုနိုင်အောင် ပြုပြင်ထိန်းသိမ်းရေး၊ မီးဘေးအန္တရာယ်နှင့် လုံခြုံရေးဂရုပြုဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
သတင်းစဉ်