Skip to main content

Jan 10, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RYZHENKOV တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2025

ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ် General Detnitit Luangngamkum ဦးဆောင်သည့် ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၆ ရက်က ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2025

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)ကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက Keynote Address ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့လျက်ရှိရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံ ကာတာနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် ဘင် ဂျက်ဆင် အယ် တာနီ ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါစခန်းနေရာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2025

ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့၏ ထူးမြတ်သည့်အခါသမယတွင် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံကြပါစေကြောင်း ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2025

ယခုရက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ဖြစ်ပွားလျက်ရှိသည့် နိုင်ငံတကာသတင်းများကို ကြားသိနေရသည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် အကူးအပြောင်းနှစ်သစ်ကူးကာလတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားစေတတ်သော (HMPV) ဗိုင်းရပ်စ်ပိုး ရောဂါကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာကြသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2025

Human Metapneumovirus (HMPV) ခေါ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလျက်ရှိရာ မိမိတို့၏အိမ်နီးချင်းနိုင်ငံအချို့တွင် အဆိုပါရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိကြောင်းလည်း သတင်းများတွင်တွေ့ရသည်။ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် အကြောက်မပြေသေးခင် HMPV ထွက်ပေါ်လာခြင်းနှင့် ၎င်းစတင်သည့်နေရာသည် တရုတ်နိုင်ငံဖြစ်ခြင်းတို့က ကမ္ဘာ့သတင်းမီဒီယာများအတွက် ရေးကွက်ဖြစ်နေပြီး သာသာထိုးထိုး သတင်းတင်ပြပုံမျိုးကလည်း စိုးရိမ်ဖွယ်ရာကို ဖြစ်စေတတ်သည်။

ဆက်လက်ဖတ်ရှုရန်