Skip to main content

Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသား ကျောင်းသူများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်

နေပြည်တော် စက်တင်ဘာ ၃၀

Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသား ကျောင်းသူများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Naypyitaw State Academy ပါမောက္ခချုပ်၊ ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အထူးသဖြင့် Naypyitaw State Academy မှ ဥပဒေပညာအထူးပြု ကျောင်းသားများအတွက် လုပ်ငန်းခွင်သင်တန်း Internship ကို ဖွင့်လှစ်ခဲ့သည်မှာ သင်တန်းအမှတ်စဉ်(၂) ရှိပြီးဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ (၂၀၁၅-၂၀၁၉) မဟာဗျူဟာသည် “တရားဥပဒေစိုးမိုးရေးဆီသို့ “Moving Forward to the Rule of Law” ၊ (၂၀၂၀-၂၀၂၄) တွင် “Providing Legal Service For Justic” “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု ဖြစ်ကြောင်း၊ (၂၀၂၅-၂၀၂၉) ခုနှစ်တွင် “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက် “Building legal Trust for the People” ဆိုသည့် မဟာဗျူဟာ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မဟာဗျူဟာများ၏ အစီအစဉ်တစ်ခုဖြစ်သော ဥပဒေရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင်ရှိသည့် ဥပဒေပညာဌာန၏ ကျောင်းသားကျောင်းသူများကို လုပ်ငန်းခွင်လက်တွေ့သင်တန်းများပေးမည်ဆိုသည့် ရည်မှန်းချက်တစ်ခုပါဝင်ကြောင်း၊ နောက်ပိုင်းတွင် Naypyitaw State Academy သာမကပဲအခြားသော တက္ကသိုလ်အသီးသီး၏ ဥပဒေကျောင်းသား ကျောင်းသူများကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း။

ယခု သင်တန်းတက်နေသည့် ကျောင်းသား ကျောင်းသူများက နိုင်ငံတော်အစိုးရ၏ ဥပဒေရေးရာကိစ္စရပ်များကို ဆောင်ရွက်နေသော ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ဗဟုသုတအနေဖြင့် မဖြစ်မနေသိထားသင့်ကြောင်း၊ အမှတ်စဉ်(၁)သင်တန်းကို ၂၀၂၄ ခုနှစ်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခုနှစ်သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာနအပြင် နိုင်ငံတော်ဖွဲ့စည်းပုံအ‌ခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အမျိုးသားစာကြည့်တိုက်၊ ပျဉ်းမနားခရိုင် ဥပဒေရုံး၊ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံးနှင့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း LAC သို့ လေ့လာရေး စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဥပဒေပညာသည် အရေးပါသောကြောင့် ယခု သင်ကြားလိုက်သည့် စာတွေ့လက်တွေ့ ဗဟုသုတများကို ကျောင်းသား ကျောင်းသူများ၏ ရှေ့ဆက်မည့် ဥပဒေပညာသင်ကြားမှုတွင် လိုအပ်သလိုအသုံးချရန် နှင့် မိမိအတွက်သော်လည်းကောင်း၊ အနာဂတ်တွင် မိမိအလုပ်လုပ်မည့်ဌာနများအတွက်သော်လည်းကောင်း၊ နိုင်ငံတော်အတွက်သော်လည်းကောင်း အကျိုးရှိစွာအသုံးချနိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် Naypyitaw State Academy ပါမောက္ခချုပ်က Naypyitaw State Academy ၏ သင်ကြားမှုပုံစံများကို ရှင်းလင်းတင်ပြပြီး သင်တန်းသား သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ဥပဒေပညာရပ်ဆိုင်ရာ သင်တန်းအမှတ်စဉ်(၂)ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ရက်သတ္တခြောက်ပတ်ကြာ လက်တွေ့သင်ကြားပို့ချပေးသွားမည်ကြောင်း သတင်းရရှိသည်။                          

သတင်းစဉ်