Skip to main content

Jun 11, 2022

တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ကြီးမှူးကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)ကို ဆက်လက်ကျင်းပရာ ဇွန် ၉ ရက်နံနက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ဆိုင်ရာ အချက်အလက်များ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နည်းဥပဒေများပါ တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် တိုင်းရင်းသားအရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးဟောပြောပို့ချသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တက္ကသိုလ်/ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ တက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ရောက်ရှိပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မဟာပညာရေးဘွဲ့နှစ်နှစ်သင်တန်းနှင့် ပညာရေးဘွဲ့ငါးနှစ်သင်တန်းတို့မှ ကျောင်းသား ကျောင်းသူများ၏ ဘာသာရပ်အလိုက် စာပေသင်ကြားနေမှု၊ တက္ကသိုလ်စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာများနှင့်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

ရုပ်ရှင်၊ ဂီတ၊သဘင် ပဒေသာကပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းစ်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေး ဌာနဂုဏ်ထူးဆောင်ပါမောက္ခ ကာဒီဂျက်ဆန်ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးဆောင်ရွက်သည့် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌနှင့် ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသိန်းခိုင်ဦး(ပခုက္ကူမြို့ကိုယ်စားလှယ်)နှင့် ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့်အဖွဲ့ဝင်များ၊ စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

မြန်မာ့ရိုးရာ ခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၂ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

ပိဋကသုံးပုံပါဠိတော်ကို ပါဠိ - ရိုမန် စိစစ်တည်းဖြတ်မှုအောင်မြင်ပြီးဆုံးခြင်း အထိမ်းအမှတ်နှင့် တက္ကသိုလ်လေးခုရှိ ဆရာတော်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် (စစ်ကိုင်း) သီတဂူ သံဝေဇနိယဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်အခြေအနေရှိနေသည်ဖြစ်စေ စီးပွားရေးလည်ပတ်ကောင်းမွန်မှသာ ပြည်သူများဘဝ ရပ်တည်ရှင်သန်နိုင်မည်ဖြစ်သည်။ သမိုင်းတွင် အစိုးရနှင့် ပြည်သူ ပြည်သားများသည် စစ်အတွင်းကာလ၌ပင် စီးပွားရေးအတွက် မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြရသည်။ စီးပွားရေးသည် အရာရာကိုဖန်တီးဖြေရှင်းနိုင်သဖြင့် စီးပွားရေးကို ကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်