Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer အား ၁၇-၈-၂၀၂၂ ရက်၊ နံနက် ၁၀:ဝ၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ကျကျ အပြုသဘော သုံးသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြား ခဲ့သည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။