Skip to main content

Aug 21, 2022

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သော အိမ်ရာများနှင့်အဆောင်များကိုသွားရောက်၍ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2022

အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပမည့် (၁၆)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (16th ASEAN Navy Chiefs’ Metting- 16th ANCM) သို့ တက်ရောက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2022

နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံအချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင်(၁)ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁)ကြိမ် ကြုံတွေ့ရလေ့ရှိကြောင်း၊ ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO(စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ်မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှု ကြာချိန်တို့ ကွာခြားမှုရှိကြောင်း၊ Sun Outage ဖြစ်စဉ်ကြောင့်

ဆက်လက်ဖတ်ရှုရန်

Aug 21, 2022

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအတည်ပြုခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Aug 21, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် တစ်ဖက်သတ်ထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ရာ တွေ့ဆုံစဉ်က ဆွေးနွေးမှုအပြည့်အစုံကို လေ့လာခြင်းဖြင့် အမှန်ကိုသိရှိနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အထိုက်အလျောက်အောင်မြင်မှုရရှိလာကြောင်း ဖမ်းဆီးရမိမှုတန်ဖိုးငွေကိန်းဂဏန်းများ မြင့်တက်လာမှုအရ သိရှိရသည်။ တရားမဝင်ကုန်သွယ်မှုများသည် အခွန်မပေးဆောင်လိုခြင်း၊ တားမြစ်ကုန်၊ ကန့်သတ်ကုန်များကို တင်သွင်းတင်ပို့လိုခြင်းတို့ကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကျပ်သန်းထောင်ပေါင်းများစွာနှင့်ချီ၍ တရားမဝင်ကုန်ပစ္စည်းများသိမ်းဆည်းရမိမှုကို ဆန်းစစ်ခြင်းအားဖြင့် တရားမဝင်ကုန်သွယ်မှုများ၏ပမာဏ မည်မျှကြီးမားသည်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ရွာသစ်ကုန်းကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာရှိ ကော့ကရိတ်- မြဝတီသွား အာရှလမ်းသစ်၌ ဩဂုတ် ၁၉ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင်အိမ်ဆောက်ကြွေပြားများတင်ဆောင်ပြီး မြဝတီမြို့မှ မော်လမြိုင်မြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် NISSAN အမျိုးအစား ၁၀ ဘီးမော်တော်ယာဉ် ၁ စီးအားလမ်း၏ တောင်ဘက် မီတာ ၂၀၀ ခန့်အကွာမှ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ရပ်တန့်စေပြီး မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တို့မှ PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံသင်တန်းကျောင်း ခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့က Drone ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းတွင် စာသင်ကြားလျက်ရှိသည့် ကျောင်းသား ၃ ဦးနှင့် ကိုရင် ၁ ပါးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်