Skip to main content

Sep 16, 2022

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက် (Myanmar Sustainable Development Plan – MSDP)၊ အာဆီယံ မဟာဗျူဟာလုပ်ငန်း အစီအစဉ် (၂၀၂၅) (ASEAN Enabling Master plan: 2025) တို့နှင့်အညီ ရေးဆွဲထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) အား မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနား၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

စာသင်ကျောင်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အဆောက်အအုံ၊ သင်ထောက်ကူများ အရှည်တည်တံ့ရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် မှာကြားခဲ့ပြီး လိုအပ်ချက်များရှိပါက အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး ဦးဆောင်သောအဖွဲ့က မော်လမြိုင်မြို့မှ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၈၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Mitsubishi Fuso အမျိုးအစား (၁၂) ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ ၁၃ ဒသမ ၉၉၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၅၂,၀၈၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က နတ္တလင်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၃၈/၃) နှင့် (၁၃၈/၄) အကြား၌ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၄၃၇,၀၈၄ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်လျက်ရှိသော ရုပ်သံလိုင်းများနှင့် ရေဒီယိုလိုင်းများတွင် အသံလွှင့်သူများ၊ သတင်းဖတ်ကြားသူများနှင့် အစီအစဉ် တင်ဆက်သူများကို မြန်မာစာ/မြန်မာစကား၊ ပါဠိစာလုံးများ အသံထွက်မှန်ကန်မှုနှင့် စကားလုံး အထားအသို အရေးအသား မှန်ကန်မှုရှိစေရန်အတွက် မြန်မာစာနှင့် ပါဠိစာလုံးများ အသံထွက်သင်တန်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

၂၀၂၂ ခုနှစ် အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ် (2022 ASEAN Media Partners Forum) ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ နန်နင်းမြို့ Wuxiang Resort ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Towards A Health Silk Road) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hybrid method ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (40th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်း ၁၀၀၀၀ ၏ ပထမအဆင့်အခန်းပေါင်း ၅၀၀၈ ခန်းကို အသင်းချုပ် သုံးသင်းနှင့် အသင်းဝင်ကုမ္ပဏီများ၏ တာဝန်ယူမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် ၁၀၀ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးလျက်ရှိပါကြောင်း၊ အသင်းချုပ်များမှလည်း စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြီးပြတ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်