Skip to main content

Sep 17, 2022

နိုင်ငံတကာ၌ အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေးလုပ်ငန်းများနှင့်အတူ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုများလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံချက်ပေးခြင်းလုပ်ငန်းများ၊ အော်ဂဲနစ်စနစ်ကျင့်သုံးခြင်းများတွင် အာဆီယံ ကုန်သွယ်ဖက်နိုင်ငံများ၏ အော်ဂဲနစ်ဆိုင်ရာ လမ်းညွှန်ချက်များ အစီအစဉ်များနှင့် တစ်ပြေးညီဖြစ်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များရေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

ကလေးငယ်များသည် အနာဂတ်အတွက် တန်ဖိုးရှိသောရတနာများဖြစ်၍ ကလေးတစ်ဦးချင်းစီကို တန်ဖိုးထားပြုစုပျိုးထောင်ပေးခြင်းဖြင့် ၎င်းတို့၏ ရေရှည်ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီးတွေ့ကြုံနေရသော အခက်အခဲများ၊ ကူညီပံ့ပိုးရမည့်ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓာတ်ခွဲစစ်ဆေးခဲ့သော အစားအသောက် နမူနာများအနက်မှ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိသည့် အစားအသောက်နမူနာစာရင်း

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး မြို့နယ် ၁၉ မြို့နယ်ရှိ စိုက်ပျိုးဧကပေါင်း ၈၃၈၇၄ ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးသွားမည်ဖြစ်ပြီး အဆိုပါ ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများကို သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

ပလတ်စတစ်မသုံးစွဲရေး ပညာပေးမှုများနှင့်အတူ အပတ်စဉ်တနင်္ဂနွေနေ့ကို ပလတ်စတစ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်၍ အနယ်နယ်အရပ်ရပ်တွင် နှိုးဆော်ကြပ်မတ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ပေါပေါများများထုတ်လုပ်၊ ပေါပေါများများသုံးစွဲပြီး အလွယ်တကူ စွန့်ပစ်နေကြသော ပလတ်စတစ်က လူများ၊ သတ္တဝါများကိုရော သဘာဝ ပတ်ဝန်းကျင်ကိုပါ အန္တရာယ်များစွာကျရောက်စေသည့်အရာဖြစ်သည်ကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘောပေါက်ကြမှသာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး မှသည် လုံးဝမသုံးစွဲတော့သည်အထိ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2022

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများအတွက် စိုက်ပျိုးမြေ၊ စိုက်ပျိုးရေများ ဖူလုံအောင်ရှိသည်။ လူသား အရင်းအမြစ်များလည်း အလုံအလောက်ရှိသည်။ စိုက်ပျိုးမြေ ဟက်တာ ၁၃ သန်းကျော်တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြံ၊ နှမ်း၊ ဝါ စသည်တို့ကို ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့ပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက်သာမက အပိုအလျှံများကို ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအနီးမှတစ်ဆင့်  သယ်ယူပို့ဆောင်မည်ဖြစ်ကြောင်းနှင့် လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ခိုအောင်း နေထိုင်လျက်ရှိကာ ဒီပဲယင်းမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မဆက်ကြေးတောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသဖြင့် ယနေ့တွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များအား အဆိုပါနေရာသို့ ရဟတ်ယာဉ် များဖြင့် ပို့ဆောင်၍ အလစ်အငိုက် ဝင်ရောက်စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်