Skip to main content

Jan 22, 2020

ကျောက်ဆည် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးကြီးတွင် ယမန်နေ့ နံနက်(၁၁) နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန် ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစားအစာ ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက်ဈေးကွက် ဖော်ဆောင်မှု အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ရန်ကုန် ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ စီမံမှုဖြင့် ရန်ကုန် - ကိုကိုးကျွန်း ရေကြောင်း ခရီးစဉ်စတင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သာကေတ မြို့နယ် မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်း သာကေတဆိပ်ခံတံတားတွင် ကျင်းပ ခဲ့သည်။

အဆိုပါခရီးစဉ် စတင်ပြေးဆွဲမည့် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ရည်မှန်းချက်သည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်လာရေးဖြစ်သည်။ တိုင်းရင်းသား ပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာမှုမရှိဘဲ၊ ပြည်ထောင်စု စိတ်ဓာတ် နိုးကြားရှင်သန် ထက်သန်မှုမရှိဘဲ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်သူများအားလုံး ပြည်ထောင်စုစိတ်ဓာတ် မြဲမြဲ ခိုင်ကျည်ထက်သန်ခိုင်မာအောင် ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

အစိုးရနှင့် ပြည်သူဟူသည် နိုင်ငံတော်၏ အစိတ်အပိုင်းနှစ်ရပ် ဖြစ်သည်။ နိုင်ငံတော်ဟု ဆိုသည်နှင့် ပိုင်နက်နယ်မြေရှိခြင်း၊ ၎င်းပိုင်နက်နယ်မြေအတွင်း နေထိုင်ကြသည့် ပြည်သူများရှိခြင်း၊ စနစ်တကျဖွဲ့စည်းအုပ်ချုပ်သည့် အစိုးရရှိခြင်းနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခြင်းဟူသော အင်္ဂါလေးရပ်နှင့် ပြည့်စုံရမည်ဖြစ် သည်။ တစ်နည်းအားဖြင့် ဆိုခဲ့ပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံမှသာ နိုင်ငံတော်ဟု ခေါ်ထိုက်သည်ဟူ၏။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာ မန်ဂျူရှုလ် ကရင် ခမ် ချောင်ဒရီ အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပဉ္စမအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဒါကာမြို့၌ အိမ်ရှင်အဖြစ် ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများအတွက် ထရန်စဖော်မာဝယ်ယူနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာနမှ တင်ဒါအောင်မြင်ခဲ့သော Hitachi Soe Electric and Machinery Co., Ltd.တို့အကြား စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာ သမိုင်းအဖွဲ့၊ မြန်မာစာအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

ထားဝယ်    ဇန်နဝါရီ   ၂၁

အဏ္ဏဝါဒေသ အပိုင်းအခြားအလိုက် နေရာသတ်မှတ်ခြင်းဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Diamond Crown Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် United States Institute of Peace (USIP) တို့ ပူးပေါင်းပြုလုပ်သည့် အမုန်းစကားနှင့် သတင်းအတု၊ သတင်းအမှားများ တားဆီး ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင် ရေးဆောင်ရွက်နေမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

တောင်ကြီး ဇန်နဝါရီ ၂၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ်သုတေသနဌာန၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင်နှင့် အဖွဲ့များသည် ဒေသန္တရ ဖွံဖြိုးရေး အတွက် မောင်းသူမဲ့လေယာဉ်ငယ်များ၊ အဝေးအာရုံခံနည်းပညာများ အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ(၂)၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

လွိုင်ကော် ဇန်နဝါရီ ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်း အဝင်လမ်း ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူတို့က ယနေ့ နံနက်  ၈ နာရီ ၄၀ မိနစ်အချိန်က သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

ဟိုပုံး  ဇန်နဝါရီ   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု၊ နမ့်ဗော်ဟွန်းကျေးရွာရှိ ခမ်းဓနပြောင်းနှင့် အစေ့အဆံအခြောက်ခံစက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

လူတို့အပေါ်ကျရောက်နိုင်သည့် အန္တရာယ်အမျိုးမျိုးတို့အနက် မီးဘေးသည် ကြီးမားစွာ ဒုက္ခပေး နိုင်သော အန္တရာယ်ကြီးတစ်ခု ဖြစ်ပါသည်။ “သူခိုးခိုးလျှင် ကျန်ပေဦးမည်၊ မီးခိုးလျှင်မူ ကုန်ပါလေရော' ဟူသည့် စကားရပ်အတိုင်း မီးလောင်ပြီဆိုလျှင် ပစ္စည်းဥစ္စာ ထိခိုက်ဆုံးရှုံးမှုမှာ အတိုင်းမသိဖြစ်ပြီး လူ၏အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် သင်ခန်းစာများသည် မြန်မာနိုင်ငံတွင်မက နိုင်ငံတကာတွင်ပါ များစွာရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

ဇန်နဝါရီလ ၁၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်လာသည်။ နိုင်ငံတကာရှိနိုင်ငံခေါင်းဆောင်များ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံကြရင်း နိုင်ငံချင်းပိုမို ချစ်ကြည်ရင်းနှီးရေးကို ထူထောင်ကြ၏။ အတူတကွပူးပေါင်း လုပ်ကိုင်နိုင်ကြမည့် စီးပွားရေးလုပ်ငန်းများ ရှာဖွေစီစဉ်လုပ်ကိုင်ကြရင်း နှစ်နိုင်ငံလုံးအတွက် စီးပွားရေး တိုးတက်မြင့်မားနိုင်မည့်လမ်းများကို ထွင်ကြဖောက်ကြလေ့ရှိ၏။ သည်လိုနှင့်နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ကြကာ ပိုမိုချစ်ကြည်မှုကို ရရှိစေ၏။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

မယ်စဲ့ ဇန်နဝါရီ ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ပြည်နယ်ဦးစီးမှူး ဦးအောင်ကျော်ထူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

ဟိုပုံး ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ဟိုနမ့် ကျေးရွာရှိ ဟိုနမ့်သီးနှံအခြောက်ခံစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

လွတ်လပ်ရေးနေ့သည် နိုင်ငံအတွက် ကျက်သရေမင်္ဂလာရှိသော ကောင်းမြတ်သည့် နေ့ထူးတစ်နေ့ ဖြစ်သည်။ အများပြည်သူအတွက် နေ့ကြီးရက်ကြီးများအနက် လွတ်လပ်ရေးနေ့သည် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အောင်ပွဲခံသည့် အောင်မြင်မှုရသည့်နေ့ဖြစ်သည်။ ထူးကဲသည့် လွတ်လပ်ရေးနေ့တွင် နိုင်ငံနှင့် လူမျိုးအတွက် မင်္ဂလာရှိဖွယ် အမှုကိစ္စများ ပြုကြလေသည်။

ဆက်လက်ဖတ်ရှုရန်