Skip to main content

Jan 23, 2020

ပုသိမ် ဇန်နဝါရီ ၂၃


ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ​ထောက်ပံ့ရန်ပုံ​ငွေဖြင့် ဝယ်ယူထားသည့် စက်ယန္တရားနှင့် ယာဉ် (၂၇) စီးကို သက်ဆိုင်ရာ မြို့နယ်/မြို့ စည်ပင်သာယာ​ရေး​ကော်မတီများသို့ လွှဲ​ပြောင်း​ပေးအပ်ခြင်း အခမ်းအနားကို ယမန်​နေ့နံနက် (၉) နာရီအချိန်က ပုသိမ်မြို့၊ မြို့​တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုး​အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်/မြို့စည်ပင်သာယာ​ရေး​ကော်မတီများသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွဲ​ဝေချထား​ပေးမည့် စက်ယန္တရားနှင့် ယာဉ်စာရင်းကို​ ကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2020

ပုသိမ် ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့တွင် တိုးချဲ့ကာကွယ်​ဆေးထိုးလုပ်ငန်း ရိုတာဗိုင်းရပ်(စ်)ကာကွယ်​ဆေးနှင့် ဆုံဆို့​-​မေးခိုင် ပါဝင်​သော ကာကွယ်​ဆေး (Penta-4)ပုံမှန်​ ဆေးထိုး/​ဆေးတိုက်လုပ်ငန်း အသိ​ပေး​ဆွေး​နွေးပွဲ အခမ်းအနားကို ယ​နေ့နံနက် (၉)နာရီအချိန်က တိုင်း​ဒေသကြီး ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

တောင်ကြီး ဇန်နဝါရီ ၂၃

အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ သစ်ပင်ထောင်ရပ်ကွက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ရန်ကုန် ဇန်နဝါရီ ၂၂

ကမ္ဘာ့ထိပ်တန်းနည်းပညာ ဝန်ဆောင်မှုလုပ်ငန်းစု ကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ (မွန်ဘိုင်းနှင့် ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ်(MIST) ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ယနေ့ဆူးလေရှန်ဂီလာ၌ ကျင်းပ သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

ရင်းနှီးမြှုပ်နှံ

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ် Colonel Khamlek Sengphachanh အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ရန်ကုန် ဇန်နဝါရီ ၂၂


နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ အသင်းသည် ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းပြိုင်ပွဲဖြစ်သည့် ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

 

နေပြည်တော် ဇန်နဝါရီ ၂၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ရန်ကုန်    ဇန်နဝါရီ   ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီး၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၂

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစရက်(၁၀၀၀)အတွင်း ပူးပေါင်း ဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ် ရေး အထောက်ကူပြုနည်းလမ်းများ ဖော်ထုတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

လွိုင်ကော်     ဇန်နဝါရီ  ၂၂

ကယားပြည်နယ်အတွင်းရှိ ဆွစ်ဇာလန်နိုင်ငံမှ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် Humanitarian Mine Action ဆိုင်ရာ ကိစ္စရပ်များ၊ ဆွစ်ဇာလန် အစိုးရမှ အထောက်အပံ့များ ပေးအပ်လိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိ သူတို့အား ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ရှိ ဆွစ်ဇာလန် သံရုံးမှ သံအမတ် Mr . Thierry Umbehr နှင့် အဖွဲ့တို့က လာရောက် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ  ၂၂

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ဗဟိုဘဏ်တို့ ပူးတွဲကျင်းပသည့် ချေးငွေအာမခံအဖွဲ့အစည်း ထူထောင်နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ငွေကြေးပံ့ပိုးပေးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်၊ M Gallery ဟိုတယ်၌ ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ  ၂၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးအောင်သည် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်းရပ်ကွက်ရှိ ရွှေအင်ကြင်းဓမ္မာရုံ၌ ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည့် ရွှေအင်ကြင်းရပ်ကွက် ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ပခုက္ကူ  ဇန်နဝါရီ ၂၂

(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-ပခုက္ကူ ဥက္ကဋ္ဌ ဖလား အမျိုးသား/အမျိုးသမီး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့  နေ့လယ် ၂ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၂၅၉) ခြေလျင်တပ်ရင်း၊ ဘောလုံးကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

တောင်ကြီး  ဇန်နဝါရီ   ၂၂

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀)ကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ဘားအံ  ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မာစရိယ၊ နိကာယ်၊ ပါဠိပထမပြန်စာအောင် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စာအောင်ဆုနှင်းသဘင် ချီးမြှင့်ပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက  ဇွဲကပင်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

 

လွိုင်ကော်       ဇန်နဝါရီ    ၂၂

အသက်(၁)နှစ်အောက် ကလေးများတွင် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်း၏ (၃၅) ရာခိုင်နှုန်းမှ (၆၀) ရာခိုင်နှုန်းသည် ရိုတာဗိုင်းရပ်(စ်)ကြောင့်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုး/ ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန်နှင့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး (Rotavirus Vaccine) ကို ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကယားပြည်နယ် ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ တပ်မတော်၏ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

တံတားဦး ဇန်နဝါရီ ၂၂

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒုတိယအကြိမ် ပြန်လည် စွန့်လွှတ်သည့် မြေဧရိယာ (၃၈၃၀) ဧကအနက်မှ ယာယီပုံစံ (၃)ပေးအပ်ရန် ကျန်ရှိသည့် တောင်သူပေါင်း (၁၉၆)ဦး၏  ဦးပိုင်ပေါင်း(၂၄၂)ဦး မြေဧရိယာ (၄၄၃.၃၃) ဧကနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   စားသုံးသူရေးရာ ဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်ပေးသည့် မြေဧရိယာ(၁.၉၆) ဧကအား မူလပိုင်ရှင်တောင်သူများသို့ ယာယီပုံစံ(၃) ပေးအပ်ပွဲ ကို ယမန်နေ့ညနေ(၃) နာရီက တံတားဦးမြို့ အင်းဝခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်