မုံရွာ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်ထုတ်လမ်း ၅၁ လမ်းနှင့် ကုန်ထုတ်တံတား ၁၁၆ စင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ မြို့နယ် ၃၂ မြို့နယ်၌ ကုန်ထုတ်လမ်းများ ဖောက်လုပ်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများမှာ မြေလမ်းတစ်လမ်း၊ အရှည် ၂မိုင်၊ ဂျင်းလမ်း နှစ်လမ်း အရှည် ၄ / ၁ ဒသမ ၄ မိုင်၊ မြေ+ ဂျင်းလမ်း ၄၁ လမ်း၊ အရှည် ၅၈/၇ ဒသမ ၇၉ မိုင်းစုစုပေါင်းကုန်ထုတ် လမ်း ၄၄ လမ်း၊ အရှည်အားဖြင့် ၆၅/ ၁ ဒသမ ၁၉ မိုင်တို့ကို ခန့်မှန်းကုန်ကျငွေကျပ် ၂၃၂၁ ဒသမ ၃၇ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အလားတူ မြို့နယ်ငါးမြို့နယ်၌ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြေ+ ဂျင်းလမ်း ခုနစ်လမ်းကို အရှည် ၁၂/၇ မိုင်အတွက် ခန့်မှန်းကုန်ကျငွေကျပ် ၅၀၆ ဒသမ ၁၃ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ မြို့နယ် ၂ မြို့နယ်၌ ကုန်ထုတ် တံတားများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများမှာ တံတား ၃၆ စင်း၊ အတိုင်းအတာအားဖြင့် ၈၂၉ ပေ။ ရေကျော်တံတား ခုနစ်စင်း အတိုင်အတာအားဖြင့် ၂၇၄ ပေ ရေပြွန်တံတား ၅၂ စင်း၊ အတိုင်းအတာ အားဖြင့် ပေ ၂၂၀၊ အခြား(မြေထိန်းနံရံ)တစ်စင်း၊ အတိုင်းအတာအားဖြင့် ပေ ၄၅၀ ၊ စုစုပေါင်းတံတား ၉၆စင်း အတိုင်းအတာအားဖြင့် ၁၇၇၃ ပေအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၁၃၂၉ ဒသမ ၆၉ သန်း ဖြင့်လည်းကောင်း၊ ထို့အတူ မြို့နယ် နှစ်မြို့နယ်၌ တိုင်းဒေသကြီးရန်ပုံငွေဖြင့် တံတား ၁၀ စင်း၊ အတိုင်းအတာအားဖြင့် ၁၂၃ ပေ၊ ရေပြွန် ၁၀ စင်း၊ အတိုင်းအတာအားဖြင့် ၁၅ ပေ၊ စုစုပေါင်းတံတား အစင်း ၂၀ ၊ အတိုင်းအတာအားဖြင့် ၁၃၈ ပေ အတွက် ခန့်မှန်းကုန်ကျငွေကျပ် ၇၄ ဒသမ ၈၉ သန်း ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မွှေးကြူဇင်