Skip to main content

သတင်းပေး တိုင်ကြားနိုင်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လူဖမ်းဝရမ်း ထုတ်ဆင့်ထားသူများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ သတ်မှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ယန္တရားကို ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်လျက်ရှိရာ မင်းကိုနိုင် (ခ) ပေါ်ဦး ထွန်း၊ ကျော်မင်းယု (ခ) ဂျင်မီ၊ ထွေးလင်းကို (ခ) လင်းလင်း၊ အင်းစိန် အောင်စိုး၊ မျိုးရန်နောင် သိမ်း၊ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လိုနှင့် မောင်မောင်အေး တို့သည် ၎င်းတို့အား လူသိများသည့် အခွင့်အရေးကို အသုံးချပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန်အကြောင်းရှိသည့် ရေးသားချက်များ၊ ပြောဆိုချက်များကို Social မီဒီယာများ၊ လူမှုကွန်ယက်များကို အသုံးပြု လုပ်ဆောင်နေကြောင်း တွေ့ရှိရ သဖြင့် သက်ဆိုင်ရာ တရားရုံးများ၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားရှိပြီး သက်ဆိုင်ရာ တရားရုံးများကလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ နှင့်အညီ လူဖမ်းဝရမ်းများ ထုတ်ဆင့်ပြီးဖြစ်ကြောင်း။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသဖြင့် အထက်ပါ လူဖမ်းဝရမ်း ထုတ်ဆင့်ထားသူများနှင့် ပတ်သက်၍ တွေ့ရှိလျှင်ဖြစ်စေ၊ သတင်း ရရှိလျင်ဖြစ်စေ အနီးဆုံးရဲစခန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တိုင်ကြားနိုင်ရန် ထုတ်ပြန်ထားသည့် တယ်လီဖုန်းနံပါတ် များသို့ သတင်းပေး တိုင်တန်းနိုင်ကြောင်းနှင့် ၎င်းတို့အား လက်ခံထားပါက လက်ခံထားသူများကိုပါ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

(သတင်းစဉ်)