Skip to main content

ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန် အတွက် နယ်မြေခံ တပ်မတော် သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂၂) ရပ်ကွက်၊ရွှေပြည်သာမြို့နယ် ဇီးကုန်းရပ်ကွက်၊ အမှတ်(၁၅)ရပ်ကွက်၊  ဝါးတစ်ရာ ကျေးရွာ အမှတ်(၁၀/၁၉)ရပ်ကွက်တို့ရှိအိမ်ထောင်စု ၆၀၀၀ တို့အတွက် ဆန်နှင့်ဆီများကို  ရန်ကုန်တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ  လက်ဝယ်အရောက် သွားရောက် ပေးအပ်သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ကျေးရွာရှိ အိမ်ထောင်စု ၁၀၀၀ နှင့် မကွေး တိုင်းဒေသကြီး မကွေးမြို့နယ် သန်းတောကုန်းကျေးရွာရှိ အိမ်ထောင်စု ၃၀၀ တို့အတွက် ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ များက ပြည်သူများ၏လက်ဝယ် အရောက် သွားရောက်ပေးအပ်သည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ်(၁)  ရပ်ကွက်ရှိ အိမ်ထောင်စု ၄၇၇ စုအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်