Skip to main content

Sep 24, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ယနေ့နံနက် (၈)နာရီအချိန် က စတင်၍ နိုင်ငံတော်မှထောက်ပံ့ပေးသော အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းမှ တတိယအကြိမ်ငွေသားထောက်ပံ့ပေးခြင်းကို လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် (၁၀)နာရီအချိန် က မိုင်းရယ်မြို့၊ ရပ်ကွက်(၁)ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေ ကြသည့် မြန်မာနိုင်ငံသားများ အနက်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ကြိုတင် ဆန္ဒမဲလက် မှတ်ဖြင့် ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်းကို နိုင်ငံအသီးသီးရှိ မြန်မာ နိုင်ငံဆိုင်ရာသံရုံးများက အသိပေးကြေညာ ထားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

 အိန္ဒိယနိုင်ငံ Zydus Cadila ဆေးကုမ္ပဏီမှ ထုတ်လုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် အသုံးပြုသည့် Remdesivir ထိုးဆေးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သို့ လှူဒါန်းပွဲကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်း နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ညနေ(၄)နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ Quarantine Centre များသို့ သွားရောက်ကြည့်ရှု စစ်ဆေးအားပေးစကားများ ပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းဆိုင်ရာတိကျမှန်ကန် သော သတင်းအချက်အလက်များကို ဖြန့်ဝေပေးရန်၊ မြန်မာနိုင်ငံ၏

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

၁။ (၂၃-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၄-၉-၂၀၂၀) နံနက် (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

ဝန်ကြီးဌာနအသီးသီးနှင့် ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်တွေ တည်ဆောက်နိုင်ရေးဆိုတာ နိုင်ငံတော်ရဲ့ e-government လုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက e-government လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရင်း တစ်ဖက်မှာလည်း သတင်းမီဒီယာကဏ္ဍကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ သတင်းထုတ်ပြန်ရေးကဏ္ဍကို ပူးတွဲတာဝန်ထမ်းဆောင် ပေးနေတဲ့ အွန်လိုင်းပလက်ဖောင်းကတော့ www.moi.gov.mm ပဲ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

အရှိုချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး စောကြည်လင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

ထားဝယ်တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဘက်တီယာန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၃ရက်ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ် များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ(၁၅) များကို သက်ဆိုင်ရာ မြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့် ရှိ/မရှိ စိစစ်ပြီး သက်ဆိုင် ရာ မြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ အချိန်မီ ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရုံး ၁၀ ရုံးမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦးအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်နှင့်စာအိတ်များကို စက်တင်ဘာ ၁၈ ရက်တွင် ပထမအကြိမ် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို စာဖွဲ့လျှင် ဥပဒေစိုးမိုးရေးကို ရှေ့ဆုံး စာမျက်နှာတွင် မြင်ရပါမည်။ တရားဥပဒေကို လိုသလို လှည့်ကာသုံးစွဲ၍ လည်းကောင်း၊ ဥပဒေထဲမပါလည်း ဥပဒေထဲ ပါသယောင် ပြောင်ပြောင် တင်းတင်း ချိုးဖောက်၍လည်းကောင်း၊ လိုသလို ဖြည့်ရင်း မလိုသည်ကို မှိန်ဖျောက်လုပ်ရင်း ဥပဒေကို လက်တစ်လုံးကြားပြု၍လည်းကောင်း အာဏာရှိသူတို့က ၎င်းတို့၏ ကိုယ်ကျိုးအတွက် ကာလ ရှည်ကြာအမျိုးမျိုး အသုံးပြုခဲ့ကြခြင်းကို ပြောင်းလဲလိုခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

ရန်ကုန်တိုင်းဒေသကြီးအတွက် ထုတ်ပြန်ကြေညာခဲ့သော နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ပြည်သူများလိုက်နာကြ၏။ ကား၊ လူသွားလာမှုများကျဲပါးသွား၏။ မဖြစ်မနေအပြင်ထွက်ရ မည့်သူများ၊ ဝန်ထမ်းများကလည်း ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် သွားလာခြင်းတို့ကို လုပ်ဆောင်နေကြ၏။ သို့သော်လည်း ကူးစက်မှုများက

ဆက်လက်ဖတ်ရှုရန်

Sep 23, 2020

၁။ (၂၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -

ဆက်လက်ဖတ်ရှုရန်