Skip to main content

Sep 19, 2020

နေပြည်တော်၊ စက်တင်ဘာ ၁၈

ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း နှစ်စဉ်ကျင်းပပြုလုပ်သည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (Least Developed Countries-LDCs) ဝန်ကြီးများအဆင့်အစည်းအဝေးကို ယမန်နေ့က အမေရိကန်ပြည်ထောင် စု နယူးယောက်မြို့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်းတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဖွင့်အမှာစကားပြောကြား

ဆက်လက်ဖတ်ရှုရန်

Sep 19, 2020

နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၃ ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2020

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုး ရေး (National Food and Agriculture Systems Project-NFASP) ချေးငွေစီမံကိန်း၏ အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ (NPSC) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2020

သုဝဏ္ဏဘောလုံး အကယ်ဒမီကျောင်း၊ မြက်ခင်းတုအားကစားကွင်းရှိ ယာယီဆေးရုံ (Tent Hospital) အပြင် ရန်ကုန်မြို့ရှိ ဆေးရုံကြီးလေးခုတွင်ပါ ယာယီဆေးရုံများ ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2020

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇင်အောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2020

၁။ (၁၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ အတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၀၁၇)ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၂၈၂) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁၆၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၈၄) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၁၃) ခု၊

ဆက်လက်ဖတ်ရှုရန်

Sep 19, 2020

ကို ဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ခြိမ်းခြောက်နေခြင်းကြောင့် မြို့ပြနေထိုင်သူအများစုသည် အတတ်နိုင်ဆုံး အိမ်မှာပင် နေနေကြ၏။ အိမ်မှာနေရင်း လက်ဆေးရင်း၊ လူချင်းခွာခွာနေရင်း မိမိကိုယ်ကိုယ် ကျန်းမာအောင်နေထိုင်၏။ အစားအသောက်များ

ဆက်လက်ဖတ်ရှုရန်

Sep 19, 2020

စည်းကမ်းသည်လူ့တန်ဖိုး၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ စသည့်ဆိုရိုး စကားများရှိကြသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများရပ်တန့်စေရန် ပြည်သူများ အနေဖြင့် သက်ဆိုင်ရာများက သတ်မှတ်ထားသော စည်းကမ်းလမ်းညွှန်ချက်များကို လေးစားလိုက်နာ ခြင်းသည်သာ အကောင်းဆုံး ကာကွယ် ထိန်းချုပ်နည်းပင် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

၁။ (၁၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီမှ ည (၈:၀၀) နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Video conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

၁။ ယမန်နေ့ (၁၇-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

(၂၃) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် ကိုဗစ်-၁၉ ထိန်းချုပ်တားဆီး ကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း(၃၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ပေးအပ်လှူဒါန်းရာ ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့မှ လက်ခံရယူ၍ လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်မိခင်နှင့် ကလေးဆေးရုံကြီးတွင်လည်း အလှူငွေကျပ်သိန်း(၃၀) သွားရောက်ပေးအပ်လှူဒါန်းရာ ဆေးရုံ အုပ်ကြီးမှ လက်ခံရယူကြကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ချင်းပြည်နယ်၊ ကျီခါးမြို့၌ ရောက်ရှိနေသည့် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန် သည် ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က တွန်းဇံမြို့နယ်၊ ကျီခါးမြို့ ခင်မန်း-ဗန်လိုင်‌‌ကျေးရွာကြားရှိ တွီးဗိုင်‌ချောင်း လူကူးကြိုးတံတား ပျက်စီးနေမှု အခြေအနေများအား တာ၀န်ရှိသူများနှင့်အတူ သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးသည် အသက် ၁၂ အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ် ၍ ရွှေသွေးဂျာနယ်ကို ၁၉၆၉ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ စတင်ထုတ်ဝေ ဖြန့်ချိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် (၅၁)နှစ် ပြည့်ခဲ့ပြီဖြစ် T၍ (၅၁)နှစ်မြောက်ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၀)ကို ထုတ်ဝေ ဖြန့်ချိလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ရင်ရင်မေက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Sep 18, 2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် နှင့်ပတ်သက်၍ ကျူးလွန်သူ တပ်မတော်သားသုံးဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်