Skip to main content

အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုကို စားသောက်နေထိုင်ရေးတွင် စိုးရိမ်ပူပန်မှုများမြင့်တက်စေရန် တရားမဝင် မိမိကိုယ်မိမိ ဝန်ကြီးအဖြစ်ခန့်အပ်ထားသည့် ဆေးပညာရှင် ဦးဇော်ဝေစိုးက ခြိမ်းခြောက်ပြောဆို

 

နေပြည်တော် ဇွန် ၈

 

အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထု အနေဖြင့် လက်ရှိအခြေအနေတွင် မိမိတို့၏ လူနေမှု ဘဝမြင့်မားစေရေးအတွက် နေ့စဉ်နှင့်အမျှ လုပ်ကိုင် သွားလာလျက်ရှိပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့်ဘက်ပေါင်းစုံမှတိုးပွားလာစေရန် အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြ သည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိသော ပြည်သူလူထု ၏ စားသောက်နေထိုင်ရေးတွင် စိုးရိမ်ပူပန်မှုဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ် ကာ အထိတ်တလန့် နေထိုင် စားသောက်နေရမည့် အခြေအနေရောက်ရှိအောင် ရည်ရွယ်၍ တရားမဝင် မိမိကိုယ်မိမိ ဝန်ကြီးအဖြစ် သတ်မှတ်ထားကာ ဆေးကုသမှုမရှိသော ဆေးပညာရှင်ဦးဇော်ဝေစိုး ကခြိမ်းခြောက်ပြောဆိုမှု များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

 

ဆေးပညာရှင် ဦးဇော်ဝေစိုးအနေဖြင့် မိမိ တတ်မြောက်ထားသည့် ပညာရပ်သည် အများ ပြည်သူ လူထုအသက်ခန္ဓာတည်မြဲရေးကို ဦးတည် ဆောင်ရွက်ရမည်ဖြစ်သော်လည်း တိုင်းပြည်ကို ပျက်စီးစေလိုသည့် အကြမ်းဖက်သမားများ၏ လုပ်ကိုင်ပြောဆိုမှုပုံစံအတိုင်း ဦးတည်ရည်ရွယ် ပြောဆိုလျက်ရှိသည်ကို တွေ့ရသည်။ ။ ဦးဇော်ဝေစိုးအနေဖြင့် ယခင်ကလည်း CDM မပါဝင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများကို ခြိမ်းခြောက်အကျပ် ကိုင်ခြင်း၊ CDM ၌ မဖြစ်မနေ ပါဝင်လာစေရန် တစ်ဖက်မှလည်း ဖြားယောင်း စည်းရုံးခြင်းများကို တစိုက်မတ်မတ် ဆောင်ရွက် ခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းကောင်းများအနေဖြင့် ၎င်း၏ မက်လုံးပေးမှု၊ ခြိမ်းခြောက်မှုများကို လက်မခံဘဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက် ရှိသဖြင့် ယခုကဲ့သို့ ပြည်သူလူထု၏ အသက် အန္တရာယ်အပေါ် ခြိမ်းခြောက်ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

 

ပြည်သူလူထုအပေါ် NLD ပါတီဝင်နှင့်ထောက်ခံ သူနိုင်ငံရေးအစွန်းရောက်သမားများ၏ခြိမ်းခြောက် ပြောဆိုခြင်းများ အပါအဝင်အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသူများကို မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းရှုတ် ချကန့် ကွက်ခြင်း၊ ၎င်းအကြမ်းဖက် ခြိမ်းခြောက်နေသူများ၏ သတင်းများရရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အစည်းများထံသို့ သတင်းပေးပို့ခြင်း၊ ပူးပေါင်းပါဝင်ဖမ်းဆီးခြင်း များဖြင့်နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြပါရန် သက်ဆိုင် ရာက မေတ္တာရပ်ခံထားကြောင်း သိရသည်။

 

သတင်းစဉ်