Skip to main content

Electric Vehicle များ တင်သွင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ဆွေးနွေးသုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၉ Electric Vehicle များ တင်သွင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ဆွေးနွေးသုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးညွန့်အောင်က Electric Vehicle (မော်တော်ယာဉ်၊ စကူတာ မော်တော်ဆိုင်ကယ်) များကို လောင်စာစွမ်းအင်များ လျှော့ချရန်နှင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချရန်အတွက်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ညစ်နွမ်းမှုကို လျော့ချစေရန် အတွက်လည်းကောင်း၊ နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် မြို့ပြအင်္ဂါရပ်နှင့် ညီစေရန် အတွက်လည်းကောင်း၊ မော်တော်ယာဉ်ကဏ္ဍတိုးတက်စေရန်နှင့် သန့်ရှင်းသည့် သယ်ယူ ပို့ဆောင်ရေးစနစ်ဖြစ် ထွန်းစေရန်အတွက်လည်းကောင်း တင်သွင်းခွင့်ပြု ထားသော် လည်း လိုအပ်ချက်များကြောင့် တင်သွင်းမှုအနည်း ငယ်သာရှိကြောင်း၊ ထို့အတွက် Electric Vehicle (မော်တော်ယာဉ်၊ စကူတာ မော်တော်ဆိုင်ကယ်) များတင်သွင်းရန်အတွက် သက်ဆိုင်ရာ ဌာနများအလိုက် ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးစေလိုကြောင်း ပြောကြား သည်။ ဆက်လက်၍ Electric Vehicle (မော်တော်ယာဉ်၊ စကူတာ မော်တော်ဆိုင်ကယ်) များ တင်သွင်းမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက် အခွန်နှုန်းထား ပြန်လည်သုံးသပ် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မော်တော်ဆိုင်ကယ် Show Room၊ Sale Center များ ဖွင့်လှစ်၍ စက်တပ်နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များကို အချိုးကျတင်သွင်းနိုင်မည့် အခြေအနေများ၊ Electric Vehicle (မော်တော်ယာဉ်၊ စကူတာမော်တော်ဆိုင်ကယ်) များ အတွက် လိုအပ်ချက်များကို Pilot Project အနေဖြင့် နေရာဒေသ ရွေးချယ်ဆောင်ရွက် သင့်သည့် အခြေအနေများ၊ Charging Station များ တည်ဆောက်ရေးကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တင်သွင်းမည့် Electric Vehicle (မော်တော် ယာဉ်၊ စကူတာ မော်တော်ဆိုင်ကယ်) များအတွက် အရည်အသွေးစံချိန်စံညွှန်း သတ်မှတ်ချက်ဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြကြောင်း သိရသည်။ (သတင်းစဉ်)