Skip to main content

Feb 19, 2021

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ် အကောင် အထည်ဖော်ရေးအတွက် အစိုးရဌာနများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့် စနစ် ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့သည် ယနေ့ နေ့လယ်(၃)နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် သော စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစား ကုန်(၄) မျိုး ထောက်ပံ့ ပေးအပ်ပွဲ အခမ်အနားသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

မုံရွာ၊ ဖေဖော်ဝါရီ ၁၉ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း ဦးဆောင်၍ ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသ ကြီး အဆင့်ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံအတွက် အကျိုးရှိမည့် လုပ်ငန်းများအား ရပ်တန့်နေခြင်းမျိုး မရှိစေဘဲ မှန်ကန် မြ

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်း များအား သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တတိယအကြိမ် ဆွမ်းဆန် တော် လှူဒါန်း ပွဲကို ယနေ့ နံနက် ၉ နာရီ တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာ ဗျူဟာသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလများတွင် နိုင်ငံတစ်ဝန်းလုံး၌ မိုးရွာသွန်းမှုလျော့ နည်းခဲ့ရာ ဆည်များရေဝင်ရောက်မှု ပုံမှန်ထက် လျော့နည်းခဲ့ သဖြင့် ယခုနှစ် နွေစပါးရာသီကာလ စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မှု မရှိခြင်းကြောင့် ယခင်နှစ်များကထက် နွေစပါးစိုက်ဧက ငါးသိန်းခန့် လျော့နည်း နိုင်သော်လည်း တောင်သူလယ်သမားများအနေဖြင့် ဝင်ငွေရ ဆောင်းသီးနှံ များအား ပြောင်းလဲစိုက်ပျိုးလာကြကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအစီရင်ခံစာများအရ သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့်ဆေးမှူးဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့များက ပါဝင်ကူညီတာဝန် ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် (၁၈-၂-၂၀၂၁) ရက်နေ့မှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၁)၌ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနမှ အရာထမ်းများကို COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာ မျိုးဇော် ဦးစီးဆရာဝန် ၄၀ နှင့် သူနာပြု ၈၀ တို့သည် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ၎င်းတို့၏ လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဒေသခံပြည်သူ များအနေဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး တာဝန်ရှိသူများက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်ဆေးရုံများမှ ဆရာဝန်များနှင့် သူနာပြု များအား လာရောက်ကုသပေးနိုင်ပါရန် အကူအညီတောင်းခံလာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတိုကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုအချို့ ဖြစ်ပွားလျက်ပြီး ကောလာဟလများကြောင်း ညပိုင်းများတွင် မိဘပြည်သူများ ထိတ်လန်း စိုးရွံ့စွာဖြင့် နေထိုင်ရလျက်ရှိကြောင်း သိရှိရသည့်အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက် ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား စေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကို ထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီး ရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏ သဘောဆန္ဒ အလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းစာရှင်း လင်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားမှုများကို ဖော်ပြလိုက်ပါ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

ရန်ကုန် ဖေဖော်ဝါရီ ၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်ဦးညီညီ နှင့်အတွင်းရေးမှူး ဦးညွန့်ဖေတို့သည် ယနေ့နံနက် ၁၁ နာရီက ဗဟန်း မြို့နယ် ပုလဲလမ်းရှိ ပုလဲအားကစား ကွင်း အဆင့်မြှင့်တင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲကတောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ် လုပ်ငန်း ဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2021

(၁၇-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၈-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၈၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၁၉) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၄၈၀,၂၉၄) အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၁,၇၀၉) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်