နေပြည်တော် စက်တင်ဘာ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန် နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်း နှစ်ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ခြောက်စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင်(အိုးခွံ) ၄၃၀၊ Oxygen Plant သုံးခုနှင့် နှာခေါင်း စည်း (Mask) လေးတန် တင်သွင်း ခဲ့သည်။ အောက်ဆီဂျင် အရည် (Bowser) ယာဉ်နှစ်စီးမှာ ရန်ကုန် မြို့သို့ဖြစ်ပြီး Oxygen Plant သုံးခုမှာ ရန်ကုန်မြို့သို့ နှစ်ခုနှင့် ဘီးလင်းမြို့သို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်မှ ၂၅ ရက်အတွင်း ကုမ္ပဏီ ၂၅၀ မှ ယာဉ်စီးရေ ၄၇၀ ဖြင့် အောက်ဆီ ဂျင်အရည် (Bowser) ယာဉ်ဖြင့် ၇၀၈ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၁၂၇ တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့ (Bowser) ယာဉ်ဖြင့် တန် ၄၀၊ Storage Container လေးခု၊ အောက်ဆီဂျင် (အရည်) Distributor တစ်ခု၊ အောက်ဆီဂျင် (အိုးခွံ) ၉၄၆၅၀၊ Oxygen Plant ၂၄၇ ခု၊ ဆေးရုံသုံးအောက်ဆီဂျင် ဖြည့်စက် နှစ်ခု၊ Oxygen Generato ၁၈ ခု၊ အိမ်သုံးအောက်ဆီဂျင် စက် (Oxygen Concentrator) ၁၂၆၃၇ ခု၊ Test Kit ခုရေ ၇၀၀၀၀၊ PPE အစုံရေ ၁၀ သိန်းကျော်ခန့်၊ လက်အိတ် ၁၂၂တန်နှင့် နှာခေါင်း စည်း(Mask) ၂၅၃၆ တန်တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။
စက်တင်ဘာ ၁ရက်မှ ၂၅ ရက် အတွင်း ပြည်ပမှတင်သွင်းလာ သည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် စုစုပေါင်း ၃၆ စီး မှာ ရန်ကုန်မြို့သို့ ၂၆ စီး၊ မန္တလေး မြို့သို့ လေးစီး၊ မော်လမြိုင်မြို့သို့ နှစ်စီး၊ ပဲခူးမြို့သို့ နှစ်စီး၊ မုံရွာမြို့ တစ်စီးနှင့် ပြည်မြို့သို့ တစ်စီးစီ ဖြစ်ပြီး Oxygen Plant စုစုပေါင်း ၂၄၈ ခုမှာ ရန်ကုန်မြို့သို့ ၁၉၀ ခု၊ မန္တလေးမြို့သို့ ၁၄ ခု၊ ပခုက္ကူမြို့ သို့ သုံးခု၊ ချောက်မြို့သို့ သုံးခု၊ လားရှိုးမြို့သို့ နှစ်ခု၊ မင်းဘူးမြို့သို့ နှစ်ခု၊ မအူပင်မြို့သို့ နှစ်ခု၊ ပြင်ဦး လွင်သို့ နှစ်ခု၊ မော်လမြိုင်၊ မုံရွာ၊ မြစ်ကြီးနား၊ မိုးကောင်း၊ မြင်းမူ၊ ဒေးဒရဲ၊ မုဒုံ၊ ပြည်၊ မိတ္ထီလာ၊ မြောင်းမြ၊ ဝိုင်းမော်၊ တာချီလိတ်၊ မိုးညှင်း၊ ကံကြီးထောင့်၊ ဖားကန့်၊ အောင်လံ၊ ကဝ၊ စဉ့်ကူး၊ မြိုင်၊ ဂန့်ဂေါ၊ ထန်တလန်၊ တန့်ယန်းမြို့၊ ပဲနွယ်ကုန်း၊ ညောင်ရွှေမြို့၊ ဟားခါး၊ ကျောက်ဖြူ၊ ပုသိမ်ကြီး၊ သာစည်၊ မိုးမိတ်နှင့် အမရပူရမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိ ပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် commerce.gov.mm oz& o&ompos ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
သတင်းစဉ်