Skip to main content

နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီအောင်ဆောင်ရွက် မြို့တော်အား Green City၊ Clean City နှင့် Smart City မြို့တော် ဖြစ်ပေါ်စေရန် ပြည့်စုံကောင်းမွန်သည့် မြို့ပြစီမံကိန်းရေးဆွဲ

နေပြည်တော် စက်တင်ဘာ ၂၅

နေပြည်တော် ရေရှည်သာယာလှပစေရန် မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းများ အဆင့်မြှင့် တင်နိုင်ရေးအတွက် လျာထားဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများ၊ မြို့ပြစီမံကိန်းရေးဆွဲရေးပညာရှင် ဦးဝင်းမြင့်၊ သက်ဆိုင်ရာ ဌာနမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီအောင် ဆောင်ရွက်အကောင် အထည်ဖော်ရန်အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ မြို့များအနက် နေပြည်တော်သည် စံပြမြို့တော် ဖြစ်ရမည် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ မြို့တော်အား Green City Clean City açsmart City GOOS OSCUT စေရန် ပြည့်စုံကောင်းမွန် သည့် မြို့ပြစီမံကိန်း ရေးဆွဲဆောင်ရွက်ရန် လိုအပ်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက နေပြည်တော် ရေရှည်သာယာလှပ စေရန် မြို့ပြစီမံကိန်း ရေးဆွဲရေးလုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရေးအတွက် လျာထား ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို အကြံပြု ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်