Skip to main content

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၂၅

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများ၊ ဘိုးဘွားရိပ်သာ များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်လှူဖွယ်ပစ္စည်း များ လှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ်ရှိ ဂိုဏ်းထောက် ပရိယတ္တိစာသင် တိုက်၊ ကင်ပွန်းတန်းတောရ ကျောင်းတိုက်၊ ဇေတဝန်ပရိယတ္တိ စာသင်တိုက်၊ ရွှေမြို့ကြီးဂိုဏ်း ထောက်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာရှိ မြသိန်းတန်ကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် သမဂ္ဂရာမကျောင်းတိုက်နှင့် ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့ ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နဝကမ္မ အလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ကြကြောင်း သိရသည်။

သတင်းစဉ်