ရန်ကုန် စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့သည်ယနေ့ နံနက် ၇ နာရီတွင် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ထမ်းအိမ်ရာ၌ ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာန၏ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများ ဌာနမှငါး/ပုစွန်အမျိုးမျိုး ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဝန်ထမ်းအင်အား ၁၅၀ ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်း သစ်ပင်ကြီးများ၏ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ သစ်ပင်ကြီးများ ထူထပ်သောကြောင့် သဘာဝ ဘေးဒဏ်ကျရောက်ပါက ပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရန် ဝိတ်လျှော့ခုတ်ထွင် ရှင်းလင်း နေမှု၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ စိမ်းလန်း စိုပြည်ရေးနှင့် မြေယာရှုခင်း ပြုပြင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် အနော်ရထာစက်မှုဇုန်ရှေ့
မြေဧရိယာ ၁၂ ဒသမ ၂၅၈ ဧကတွင် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လှိုင်သာယာ | (အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာစီမံကိန်း လုပ်ငန်းခွင်၌ ရေစီးရေလာ စီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော ရန်ကုန်-ညောင်တုန်းလမ်း ရေမြောင်းနှင့် ရေစုကန်အား Excavator ဖြင့် တူးဖော်နေမှု၊ ရေမြောင်းမြေထိန်းနံရံပြုလုပ်နိုင်ရန် Kubota ရေစုပ်စက်ဖြင့် အဆိုပါ မြောင်းမှရေအား ပန်းလှိုင်မြစ်သို့စီးဝင်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်လမ်း ရေမြောင်းသို့ စုပ်ထုတ်နေမှု လုပ်ငန်း များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဘုရင့်နောင်တံတား အမှတ်(၂) ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာ သပ်ရပ်ရေး အတွက်ချုံနွယ်နှင့် မြက်များရှင်းလင်းရန်၊ ရေစုကန်အား ပြန်လည်တူးဖော်ရန်၊ ရေထိန်းတံခါးသို့ အဝင်လမ်းများ ပြုပြင်ရန်တို့ကို မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်