Skip to main content

Feb 27, 2021

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများအချင်းချင်း ချစ်ခင်စည်းလုံးမှု၊ တစ်ဦး အပေါ်တစ်ဦး နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖြစ်ပေါ်စေရေးအတွက် မြန်မာ့ရိုးရာ ထမနဲ ထိုးပွဲများကို နှစ်စဉ်ကျင်းပခဲ့ရာ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တပို့တွဲလပြည့်နေ့(ဖေဖော်ဝါရီ ၂၆)ရက်နေ့တွင် ရိုးရာမပျက် ထမနဲထိုးပွဲကျင်းပ၍ ပျော်ရွှင်ကြည်နူးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2021

သတင်းများရေးသားထုတ်လွှင့်ဖော်ပြရာတွင် တည်ဆဲဥပဒေများနှင့် အညီဖြစ်စေရန်နှင့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရဟုလည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီဟုလည်းကောင်း မမှန်မကန် သုံးနှုန်းဖော်ပြခြင်းများ မပြုလုပ်ကြပါရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် မီဒီယာအဖွဲ့ အစည်းများ၊ ထုတ်ဝေနေသော သတင်းစာ/ဂျာနယ်များသို့ အကြောင်းကြားစာ (၃)ကြိမ် ပေးပို့၍ မေတ္တာရပ်ခံဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2021

ကိုဗစ် − ၁၉ ကာကွယ်ရေး မပြီးဆုံးသေး ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး ဦးစားပေး မဆောင်ရွက်နေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ လျော့နည်းကျဆင်းသွားသည်ဆိုသော်လည်း ရောဂါပိုးတွေ့လူနာများ ထပ်မံ မတွေ့ရှိနေဆဲ၊ ဗီဇမျိုးကွဲသစ်များ ထပ်မံတွေ့ရှိနေဆဲဖြစ်၍ ကိုဗစ်-၁၉ ရောဂါ -ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပစ်ပယ်ထား၍ ရနိုင်မည်မဟုတ်ပေ။ ရပ်တန့် ထား၍ ရနိုင်မည်မဟုတ်ပေ။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်ရှိ လူဦးရေ ၁၁၃ သန်းကျော် ကူးစက်ခံရပြီး လူဦးရေ နှစ်သန်းခွဲကျော် သေဆုံးခဲ့ရသည်။ ရောဂါပြန်လည် ကင်းစင်ကျန်းမာလာသူ လူဦးရေ ၈၉ သန်းခန့် ရှိသည်။ မြန်မာနိုင

ဆက်လက်ဖတ်ရှုရန်

Feb 27, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀)(၆၈/၇၀) လမ်းကြားတွင် လူစုလူဝေး ၄၀၀ ကျော်ခန့်သည်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ (၃၅/၈၅) လမ်းကြား မြတောင် ကျောင်းအရှေ့တွင် လူစုလူဝေး ၂၅၀ ခန့်သည်လည်းကောင်း၊ (၆၂/၁၀၄) (A) လမ်းထောင့်တွင် အင်အား ၁၀၀ သည်လည်းကောင်း အများပြည်သူသွားလာအသုံးပြုနေကြသည့် လမ်းမများပေါ်တွင် လမ်းပိတ်ဆို့ မှုများ ပြုလုပ်ကာ ကြွေးကြော်သံအမျိုးမျိုး အော်ဟစ်ဆူပူလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် China Central Television (CCTV) သတင်းဌာနမှ Chief Correspondent ဖြစ်သူ Mr. Wang Yu အား ယနေ့ မွန်းလွဲ (၂) နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ ယုဇန လမ်းသွယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက လူစုလူဝေးပြုလုပ်ကာ လမ်းအချို့အား အကာအရံ အတားအဆီးများဖြင့် ပိတ်ဆို့ခြင်း၊ ပလပ်စတစ် ပုံးကြီးများကို ထက်ခြမ်းခြမ်း၍ ရဲတပ်ဖွဲ့သုံး (ဒိုင်း)ကြီးများသဖွယ်ပြုလုပ်၍ တုတ်/ ဓား ကိုင်ဆောင်ထား သူ ၂၅၀ ကျော်ခန့်မှာ ထိုင်သပိတ်ပြုလုပ်၍ ကြွေးကြော်သံများဖြင့် အော်ဟစ်ဆူပူ လူစုလူဝေး ပြုလုပ်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ လူစုလူဝေးပြုလုပ်သည့် သူများ အား ဉပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) သို့ သွားရောက်၍ ငွေသွင်း/ ငွေထုတ် ဆောင်ရွက်နေမှုများ၊ အစိုးရဌာနအဖွဲ့အစည်းများသို့ လစာထုတ်ပေးနေမှုများနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ ဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ မန်နေဂျာများနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယ ဝန်ကြီးများနှင့် တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) တို့သို့ သွားရောက်၍ သက်ဆိုင်ရာ ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမ များနှင့်တွေ့ဆုံကာ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင် ထားရှိမှုများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ည (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Feb 26, 2021

ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် ၁/၂၀၂၁ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်