Skip to main content

Oct 06, 2021

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၆-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြား ဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီး ဦးစိန်ဝင်းနှင့်တွေ့ဆုံမေးမြန်းခဲ့မှုကို ဖော်ပြအပ်ပါသည် −

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြင့်ထွန်းညှိပူဇော်ခြင်း လုပ်ငန်းကို လာမည့် ဒီဇင်ဘာလ ပထမပတ်အတွင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက် အသီးသီးမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော် ၄၄၅၃ အိတ်၊ ဆီ၊ ဆား၊ ပဲ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို မော်လမြိုင်မြို့၊ သာသနာ့ဗိမ္မာန်တော်ကြီး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၇၀ ဦး၊ စုစုပေါင်း ၁၉၅ ဦးနှင့် လောက်ကိုင်မြို့၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းစီစဉ်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင် လောကသားများနှင့် မိသားစုဝင်များကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်း (မူလွန်) ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါး လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင် များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၈ ခုမှ အိမ်သုံးဆေးဝါး ၁၀၉ မျိုးအား ရောင်းချပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များအား သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရာ၌ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ် အပြန်အလှန်ထိန်းညှိပြီး တည့်မတ်ခိုင်မာအောင် ဆောင်ရွက်ကြသည်။ နိုင်ငံ တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေပြုရေး မဏ္ဍိုင်မှ ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်အသီးသီးတွင် ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ကြသည်။ ထိုသို့ ဆွေးနွေးဆုံးဖြတ် ကြရာ၌ လုပ်ငန်းဘတ်ဂျက်များ၊ စီမံကိန်းလုပ်ငန်းများကို အတည်ပြုပေးသည် လည်းရှိသည်။ လျှော့ချသည် လည်းရှိသည်။ အချို့ကိစ္စများတွင် အများပြည်သူ အကျိုးစီးပွားနှင့် စပ်လျဉ်း၍ ဆိုင်းငံ့ထားသည့် စီမံကိန်းများလည်းရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2021

ကိုဗစ်-၁၉ ကပ်ရောဂါသည် မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးများ ပေါ်ပေါက်လာသည့်အချိန်တွင် အရှိန်အဟုန် ထပ်မံမြင့်တက်ခဲ့သည်။ ကမ္ဘာတွင် ဆေးဝါးထုတ်လုပ်သည့် နိုင်ငံကြီး တစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင် ကပ်ရောဂါဒုတိယလှိုင်းကာလအတွင်း ဒယ်လ်တာ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်းများ အဆမတန်မြင့်တက်ခဲ့ရာ အကျိုးဆက် အားဖြင့်၎င်းနိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်ပ တင်ပို့မှုများ ဆိုင်းငံ့လိုက်ရခြင်းဖြစ်သည်။ ယင်းသို့ ဆိုင်းငံ့လိုက်သည့်အတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူထားသည့် မြန်မာအပါအဝင် နိုင်ငံများ သည်လည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ဘီလီယံ ဖြန့်ဝေသွားရန် ရည်ရွယ်ပြီး ဆေးအများစုကို အိန္ဒိယမှ မှာယူထားခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVAX အစီအစဉ်သည် လည်းကောင်း အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုဒေသတွင် ဆက်လက်ဆောင်ရွက်ရန် ကမ္ဘာ့ အမွေအနှစ် ကော်မတီ (World Heritage Committee-WHC) ၏ အကြံပြုချက်အရ ပုဂံဒေသ လယ်ယာစိုက်ပျိုးမှု မဟာဗျူဟာတစ်ရပ်ရေးဆွဲခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော “ပုဂံဒေသ စိုက်ပျိုးရေးမဟာဗျူဟာ ရေးဆွဲရေး ကော်မတီ” ကို ၂၀၂၁ စက်တင်ဘာတွင် စတင်ဖွဲ့စည်းခဲ့ရာ အဆိုပါကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ (၅) ရက်က အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျည်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်နှင့် မြဝတီကုန်သွယ်ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂) ခုမှ ယာဉ်စီးရေ (၄) စီးဖြင့် အောက်ဆီဂျင်(အရည်)Storage Container(၂)ခု၊ Oxygen (အရည်) Distributor (၃)ခု၊ Oxygen အိုးခွံ(၄၉၀)၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၀၄)ခု၊ Test Kit (၁၀၀၀၀)ခု၊ လက်အိတ် (၁၆)တန်နှင့် နှာခေါင်းစည်း(Mask) (၁၆) တန် တင်သွင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးစဉ်ဒေသများ ပြန်လည် စတင်နိုင်ရန်အတွက်ရည်ရွယ်၍ ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအဖွဲ့ (PATA) နှင့် ကမ္ဘာ့ ဘဏ် (World Bank) တို့မှ ကြီးမှူးပြီး COVID-19 Destination Recovery Insights Exchange- Session 3 ဆွေးနွေးပွဲသို့ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် ပါရမီလမ်းထောင့်သို့ သွားရောက်၍ အင်းလျားကန် ရေပြင်သန့်ရှင်း ကြည်လင်စေရေးအတွက် အင်းလျားကန်သို့ ဝင်ရောက်သည့် ရေမြောင်းနှင့် ရေစစ်ကန်အတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ ရေစစ်ကန်ဝန်းကျင် ချုံနွယ်နှင့် မြက်များရှင်းလင်းနေမှု၊ အပင်ကြီးများ ခုတ်ထွင် ရှင်းလင်း ပုံသွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

တရားလွှတ်တော်ရှေ့နေ အသိ အမှတ်ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၇နာရီတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ရုံးခန်းအမှတ် (၄) တွင် စတုတ္ထအကြိမ် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်