Skip to main content

Nov 23, 2021

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia (CCOP) ၏ (၅၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် (၇၇) ကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေး (The 57th CCOP Annual Session and the 77th CCOP steering Committee Meeting) နှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ရှိ CCOP ရုံးချုပ်နှင့် ဗီယမ်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တို့မှ Virtual ဖြင့်ကျင်းပရာ CCOP အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်နှင့် ဌာနအကြီးအကဲများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

(၁၈) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကို “စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးအတွက် အာဆီယံဒေသတွင်း တုံ့ပြန်နိုင်စွမ်းအား ခိုင်မာအားကောင်းစေရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး” ဆောင်ပုဒ်ဖြင့် ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ယနေ့တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

ဥပဒေရေးရာဝန်ကြီးဌာန၏ စီးပွားရေး စာချုပ်စာတမ်းများဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေ‌ရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း အောင်ပန်း၊ လပွတ္တာ၊ ပုဏ္ဏားကျွန်း၊ ဘားအံတို့၌ စက်မှုလက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်၊ စက်မှုလက်မှု ပညာရပ်များတတ်မြောက်၍ သင်တန်းဆင်းပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် သင်တန်းတွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းများ၌ ကျင်းပရာအောင်ပန်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း၌ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကလည်းကောင်း (ဝဲပုံ)၊ လပွတ္တာ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က လည်းကောင်း၊ ပုဏ္ဏားကျွန်းနယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က လည်းကောင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကားများ ပြောကြားပြီး ကျောင်းအုပ်များက သင်တန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက်ရောက်(Arrival)ဗီဇာ စစ်ဆေးရေး ရုံးအား ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သူများက မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက် ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ အပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍပေါင်းစုံတို့ကို ပြန်လည်ကုစားသွားနိုင်ရေး ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရှေ့တန်းကျစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပြီး ထိုသို့တာဝန် ထမ်းဆောင်ရာတွင် ဆေးရုံ၊ ဆေးခန်းများသည် မရှိမဖြစ်လိုအပ် လျက်ရှိရာ လူနာများအတွက်လည်း များစွာအထောက်အကူ ဖြစ်သည့် အခန်းကဏ္ဍ၌လည်း ပါဝင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ မ ခုနစ် ဦး၊ ပေါင်း ၅၀ ဦးတို့အား လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၇၆ ခု၊ ကျည်မျိုးစုံ ၁၆၀၅၇ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံး ၁၁ လုံး၊ ရီမုဒ်မိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) ၃ လုံး၊ မီးရှို့ လက်လုပ်ဗုံး ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅) ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ကီးပတ်ဖုန်း ၁၆ လုံး၊ နာရီ ၇ လုံး၊ လမ်းလျောက် စကားပြောစက် ၄ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံး၊ ၂.၅ လက်မသံ ၅ ပိဿာ၊ မှန်ပြောင်း ၂ ခု၊ ဂြိုလ်တုဖုန်း ၁၃ လုံး၊ Laptop ၂ လုံး၊ Hard Disk ၁ ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ်စာအုပ် ၁ အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်မည့်စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့် စာရင်းများပြုစုထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်၊၊

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ မီဒီယာထိပ်သီးဆွေးနွေးပွဲ (4th World Media Summit) အား "Media Growth Strategy under the Impact of COVID| 19” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပရာ ကမ္ဘာ့ရုပ်သံ သတင်းမီဒီယာနယ်ပယ်မှ ထိပ်ပိုင်းခေါင်းဆောင် ၂၄၀ ခန့်နှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်ပညာရှင် ၄၀ခန့် တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

မန္တလေးမြို့ နန်းရှေ့ရှိမြမန္တလာစာပေပန်းခင်း စာကြည့်တိုက်သို့ ရှားပါး သုတ၊ ရသ စာအုပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီက အဆိုပါ စာကြည့်တိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

“တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံသားတိုင်းတွင် ပြည်ထောင်စု စိတ်ဓာတ်ထားရှိ မွေးမြူသွားကြရန် အလွန်အရေးကြီးကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံစဉ်မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့တွင် ရတနာပုံ မင်းနေပြည်မှ သီပေါဘုရင်နှင့် မိဖုရားတို့ကို နယ်ချဲ့အင်္ဂလိပ်တို့က အိန္ဒိယနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ချိန်မှစကာ မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့တို့လက်အောက်သို့ ကျရောက်ခဲ့သည်။ အောက်မြန်မာနိုင်ငံ အနေဖြင့်မူ ၃၃ နှစ်စောကာ အင်္ဂလိပ်လက်အောက် ကျရောက်နေခဲ့ပြီး ရခိုင်နှင့် တနင်္သာရီတို့မှာ နှစ်ပေါင်း ၆၀ ကျော်ပို၍ပင် စော၍ ကိုလိုနီနယ်မြေများဖြစ်ခဲ့သည်။ သူ့ကျွန်ဘဝတွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲတစ်ခုမှာ ပညာရေးစနစ်ပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2021

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ခနောင်ကျေးရွာအုပ်စု၊ ကျိုက်လတ်-ဖျာပုံကားလမ်းဘေး မိုင်တိုင်အမှတ် KM-37/38 ကြား ခနောင်တံတားအဆင်းတွင် ယနေ့နေ့လည် ၂ နာရီအချိန်ခန့် က ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်