Skip to main content

Nov 25, 2021

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံ Nakhon Pathom ခရိုင်၊ Nakhon Pathom မြို့နယ်၊ Phra Pathom ကျေးရွာအုပ်စုနှင့် Kanchanaburi ခရိုင်၊ Kanchanaburi မြို့နယ်၊ Ko Samrong ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာများအတွင်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲများက ထုတ်ဖော် ပြောကြားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့ နယ်ရှိ ဆင်သေဆည် ရေဝေရေလဲ ဧရိယာသို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအစီ အမံများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

၄-၁၁-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် တိုင်းဒေသကြီးတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့ ဦးဆောင်လျက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း ကျေး ရွာ၌ ကျော်မိုးနိုင်(ခ)မောင်နိုင်(ဘ)ဦးမြင့်ဦး အပါအဝင် ၁၈ ဦးသည် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်တွင် ကျူးကျော်နေအိမ်နှင့် အိမ်ခြံမြေကိစ္စများတွင် အခကြေး ငွေရယူ၍ နေအိမ်များနှင့် ခြံစည်းရိုးများအား ဖျက်ဆီးခြင်း၊ နေအိမ်အတွင်းရှိ လူများ အား တုတ်၊ ဓားများ ကိုင်ဆောင်၍ အကြမ်းဖက်တိုက်ခိုက် ခြိမ်းခြောက်ခြင်းစသည့် ဉပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် အတွက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးဉပဒေပုဒ်မ ၅၀(က)ဖြင့်လည်းကောင်း၊ ရဲထက်(ဘ) ဦးသိန်းဦး သည် ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက် မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည)ဖြင့် လည်းကောင်း၊ မောင်မောင်ကျော်တင့်(ခ) ဘိုဘိုကျော် (ဘ)ဦးလှတင့်သည်

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေတို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

တိမ်မြုပ်ပျောက်ကွယ်လုဖြစ်သော မြန်မာ့သဘင်မှု၏ အမွေအနှစ်တစ်ရပ်ဖြစ်သည့် ဆို၊ ငို၊ ပြော ဇာတ်တော် ကြီးများကို ပြန်လည်ဖော်ထုတ် တင်ဆက်ကပြရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ဇာတ်စာရေးဆရာကြီး နန်းညွန့်ဆွေ(မန္တလေး) ရေးသားစီစဉ်တင်ဆက်သည့် “စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်” ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို နေပြည်တော်ရှိ လေ့ကျင့်ရေးဇာတ်ရုံတွင် ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ် ဒေသအသီးသီးရှိ လက်လီ/လက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၄၂၄၀ဖြင့် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်း ဆို ပြိုင်ပွဲ အုပ်စုပထမပွဲစဉ်ကို နိုဝင်ဘာ ၂၆ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်မည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်းအနား ကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

၁။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Leadership and participation of persons with disabilities toward an inclusive, accessible and sustainable post-coVID-19 world” ကို “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာ ဖြစ်ပေါ်ရေး မသန်စွမ်း သူများ ဦးဆောင်ပါဝင်ကြိုးစားပေး” ဟူ၍ မြန်မာဘာသာသို့ ပြန်ဆို ထားရှိပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ (၁၀/၂၀၂၁) ကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ရာ ယင်းသတင်းစာရှင်းလင်းပွဲကို မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MWD HD၊ MWD Variety၊ MITV၊ MOI Website၊ MOI Youtube၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM၊ ချယ်ရီ FM နှင့် FM ပုဂံတို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

ကမ္ဘာ့ပြည်သူများအား ခြိမ်းခြောက်ဖျက်ဆီးခဲ့သည့်ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမှာ နှစ်နှစ်နီးပါး ကြာခဲ့ပြီဖြစ်သည်။ ကပ်ရောဂါဆိုးသည် နှစ်နှစ်တာကာလအတွင်း ကမ္ဘာ့ပြည်သူပြည်သား သန်းပေါင်းရာချီ ကူးစက်ခံခဲ့ရပြီး သန်းပေါင်းများစွာသော လူ့အသက်တို့ကို နုတ်ယူသွားခဲ့သည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်းပေါင်း ၅၀ ကျော်ရှိသည့်အနက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ငါးသိန်းကျော်ရှိခဲ့ပြီး ပြည်သူ ပြည်သား နှစ်သောင်းနီးပါး အသက်သေဆုံးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2021

အများပြည်သူ သိသင့်သိထိုက်သည့် အများပြည်သူ သိလိုသည့် လတ်တလောဖြစ်ရပ်များကို ပြည်သူလူထုထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့သည့် လုပ်ငန်းများမှာ မီဒီယာများပင်ဖြစ်သည်။ မီဒီယာ လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများဖြစ်သကဲ့သို့ တစ်ပြိုင်တည်း မှာပင် လူထုအပေါ်သက်ရောက်မှုရှိသော လူမှုလုပ်ငန်းများလည်း ဖြစ်သည်။ လူများသည် မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ လူ့အဖွဲ့ အစည်းနှင့် ကမ္ဘာလောကကြီးကို သိမြင်နားလည်နိုင်ရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်များကို မီဒီယာများမှတစ်ဆင့် ရယူကြရသည်။ မီဒီယာများကလည်း ပြည်သူအများသိရှိရန် လိုအပ်သည့်၊ ပြည်သူများကသိလိုကြသည့် သတင်းများကို မှန်မှန် ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ တိတိကျကျနှင့် ချိန်ချိန်ဆဆပေးကြ နိုင်ကြရန် ကြိုးပမ်းကြရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံ (၁၃) နိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာစီးပွားရေးသံမှူးများနှင့် ကမ္ဘာကုန်သွယ်ရေး အဖွဲ့ဆိုင်ရာသံမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ (ဒုတိယနေ့)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ဘွဲ့နှင်းသဘင် ခန်းမအပါအဝင် ၂ နေရာခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ(၂)ခုမှ ယာဉ်စီးရေ(၄)စီးဖြင့် အောက်ဆီဂျင်အိုးခွံ (၃၀၀)၊ အောက်ဆီဂျင် (Plant) (၂)ခုနှင့် နှာခေါင်းစည်း(Mask) (၂၅) တန်တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီဂျင်(Plant)(၂)ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်