ကျိုက်လတ် နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ခနောင်ကျေးရွာအုပ်စု၊ ကျိုက်လတ်-ဖျာပုံကားလမ်းဘေး မိုင်တိုင်အမှတ် KM-37/38 ကြား ခနောင်တံတားအဆင်းတွင် ယနေ့နေ့လည် ၂ နာရီအချိန်ခန့် က ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖျာပုံမှ ကျိုက်လတ်ဘက်သို့ ဦးတည်မောင်းနှင်လာသော အဖြူရောင် မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် KM-37/38 ကြား အရောက်တွင် ညာဘက်ရှေ့ဘက် ဘီးပြုတ်ထွက်၍ လမ်းဖြင့်ပွတ်တိုက်မိရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဦးဇေယျာမင်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ မီးငြိမ်းသတ်ယာဉ် (၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် ယာဉ်မောင်းအား ကျိုက်လတ်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)