Nov 21, 2021
အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြသော အကြမ်းဖက်သမားများ၊ ၎င်းတို့ ခိုအောင်းလှုပ်ရှားလျက်ရှိသည့် နေရာများ၊ လက်နက်၊ ခဲယမ်း မီးကျောက်သိုလှောင်ထားမှုများ စသည်တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိရာ အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူများ၏သတင်းပေးမှု၊ ပူးပေါင်းပါဝင်မှုတို့ကြောင
Nov 20, 2021
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးမှာ အရေးအကြီးဆုံးဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍ မြင့်မားတိုးတက်ရေး အတွက် အခြေခံလိုအပ် ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာဆရာမများ မွေးထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက် သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာသင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက ညီညွတ်မျှတစွာ ထိန်းမတ်ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 20, 2021
မြန်မာနိုင်ငံသည် ရဟန်းသံဃာ တော်များ၏ အဆုံးအမဩဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကို အခြေပြုကာ ယဉ်ကျေးပျူငှာမှုရှိသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ရဟန်း သံဃာတော် များ၏ သာသနာတော်အရေး ကြိုးပမ်းထမ်းဆောင်ခဲ့မှုများကြောင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုများပြားသည့် နိုင်ငံများအနက် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများကပင် အသိအမှတ်ပြုထားရသည့် နိုင်ငံ ဖြစ်ပါသည်။ ယခုအခါ အကြမ်းဖက် အဖွဲ့များဖြစ်သော CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ဝန်ထမ်းများနှင့် ပြည်သူများကိုသာမကဘဲ ရဟန်းသံဃာများကိုပင် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၌ နိုဝင်ဘာလ ၁၉ ရက်နေ့က ရဟန်း သံဃာ ၁ ပါး အား PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ပြီး အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Nov 20, 2021
(၂၀-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
Nov 20, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “သမိုင်းသုတေသနဘာသာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့သည်။
Nov 20, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေး အစီအစဉ်များအလိုက် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် နိုဝင်ဘာ ၁၂ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၃)သန်း doses ထပ်မံ၍ လှူဒါန်းပေးအပ်ခဲ့ရာ ၎င်းနေ့တွင်ပင် ပထမအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁)သန်း doses ရောက်ရှိပြီးဖြစ်သည်။
Nov 20, 2021
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ခရီးသွား လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်သည်။
Nov 20, 2021
ယနေ့ ကျွန်ုပ်တို့ရဲ့ လူ့ဘောင်ကြီးဟာ ရှေးရာစု နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပါပြီ။ လူဆိုတာ တစ်ဦး တစ်ယောက်တည်း သင်းကွဲနေလို့ မရပါဘူး။ နေလည်းမနေခဲ့ကြပါဘူး။ အသိုက်အဝန်းဖွဲ့ပြီး နေလာခဲ့ကြတာပါ။ ယခုလို လူ့ဘောင်အဖွဲ့ကြီး ရာစုနှစ်ပေါင်းများစွာ နေထိုင်နိုင်ခဲ့ခြင်းဟာ စာနာ စိတ်နဲ့ မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကြောင့်လို့ဆိုရင် မှားမည်မထင်ပါဘူး။ လူနဲ့ တိရစ္ဆာန် ကွာခြားချက်လည်း အဲဒီအချက်နှစ်ချက်ပါပဲ။ တိရစ္ဆာန်တွေမှာ စာနာစိတ်နဲ့ ယုံကြည် ကိုးကွယ်ရာ ဘာသာတရားဆိုတာ မရှိပါဘူး။ မိမိဘဝ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် သတ်ဖြတ်ကြ တယ်။ ကြီးနိုင်ငယ်ညှဉ်း ပြုကြပါတယ်။ ဥပမာဥဩငှက်ဆိုကြပါစို့။ ဥဩငှက်ဆိုတာ ကိုယ်ပိုင် အသိုက်အမြုံ မဖွဲ့ကြပါဘူး။ အခြားတိရစ္ဆာန်တို့ရဲ့ အသိုက်အမြုံမှာ ဥချလေ့ရှိပါတယ်။ မူလပိုင်ရှင်ရဲ့ ဥတွေကို ကန်ချတတ်လေ့ရှိပါတယ်။ ဒါကဥဩငှက်တို့ရဲ့ အလေ့အထပါပဲ။ လူသားတွေမှာတော့ ရည်မှန်းချက်နဲ့ ဘဝကို ရှင်သန်ကြပြီး တိရစ္ဆာန် လောကမှာတော့ ကြီးနိုင်ငယ်ညှဉ်း သတ်ဖြတ်ခြင်းနဲ့ ဘဝကို စတင်ကြပါတယ်။
Nov 20, 2021
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများသည် မရှိမဖြစ် အရေးပါသည့် အဓိကစွမ်းအားစုကြီး တစ်ခုပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ အပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍပေါင်းစုံတို့ကို ပြန်လည်ကုစား သွားနိုင်ရေး ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံ့ ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်သူများအားလုံးတို့ ကလည်း အားတက်သရော ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။
Nov 20, 2021
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့်ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက် ကြသည်။
Nov 20, 2021
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားတန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ဂေါက်သီးရိုက် ပြိုင်ပွဲနှင့် ဆုချီးမြှင့် ပွဲကို နိုဝင်ဘာ ၁၈ ရက်က အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင် ဂေါက်ကွင်းတွင် ကျင်းပသည်။
Nov 20, 2021
တိုင်းဒေသကြီးအတွင်း အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အလား အလာရှိသော လူငယ်မျိုးဆက် သစ် အားကစားသမားများ ရှာဖွေ လေ့ကျင့်ပေးပြီး ခရိုင်နှင့် မြို့နယ် ပေါင်းစုံ အားကစားပြိုင်ပွဲများမှ တစ်ဆင့် တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမား များ ပေါ်ထွက်လာအောင် လူရွေး ချယ်ရေးစီမံချက်၊ စခန်းသွင်း လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင် ရေး စီမံချက်များ ရေးဆွဲ၍ သက်ဆိုင်ရာအားကစားကော်မတီများ၊ ဆပ်ကော်မတီများ ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Nov 20, 2021
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် စနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနတာဝန်ခံများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံ များက Online မှ ပါဝင်တက်ရောက်ကြသည်။
Nov 20, 2021
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီ National Development and Peace Party ကို မှတ်ပုံတင်အမှတ် (၄၂)၊ ၂၄-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၉၅/၂၀၁၀)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။
Nov 20, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိတင်သွင်း နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေး ညီစီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းနှစ်ခုတို့ မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်လေးစီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀၊ အောက်ဆီဂျင် အိုးခွံ ၁၄၆၈ ခု၊ အောက်ဆီဂျင် (Plant) သုံးခုနှင့် နှာခေါင်းစည်း(Mask) သုည ဒသမ ၂၈ တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန် မြို့သို့ဖြစ်ပြီး အောက်ဆီဂျင် (Plant) သုံးခုမှာ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ရန်ကုန်မြို့ သို့ဖြစ်ကြောင်း သိရသည်။
Nov 20, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
Nov 20, 2021
နိုင်ငံရေးသည် မွန်မြတ်သောအလုပ်ဖြစ်သည်။ မွန်မြတ်သောနိုင်ငံရေးကို ယုတ်မာ ညစ်ထေးအောင် မပြုလုပ်သင့်ပေ။ နိုင်ငံရေးလောကသို့ဝင်ရောက်ပြီး အသုံးမချသင့်၊ မဖျက်ဆီးသင့်၊ အရောင်မဆိုး သင့်ပေ။ နိုင်ငံရေးလောကသို့ဝင်ရောက်ပြီး တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးဖြစ်ထွန်းရေး ကိုသာ လုပ်ဆောင်သင့်သည်။ သို့သော် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကျည်းတန်အရုပ်ဆိုးသည့် ယုတ်မာ ညစ်ထေးမှုများဖြစ်ပေါ် ခဲ့သည်။
Nov 20, 2021
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၄) တက်ရောက်ခဲ့ကြ သည့်ကျောင်းသား ကျောင်းသူ၂၇၂ ဦးတို့သင်တန်းဆင်းကြတော့ မည်ဖြစ်သည်။ သူတို့သည် နိုင်ငံ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ဒေသအသီးသီးမှ လာရောက်ခဲ့ကြပြီး အမိဖွံ့ဖြိုးရေး တက္ကသိုလ်ကြီးတွင် ပညာရည်နို့ အတူတကွ သောက်စို့ခဲ့ကြသော ပြည်ထောင်စုကြီး၏ သားငယ် သမီးငယ်များ ဖြစ်ကြသည်။ တိုင်းရင်းသားမျိုးနွယ်စု ၄၆ မျိုးမှ တိုင်းရင်းသား တိုင်းရင်းသူ လူငယ်များသည် ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် လာရောက်ဆုံစည်း ခဲ့ကြခြင်းဖြင့် ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် သံယောဇဉ် တရားနှင့် မိသားစုသဖွယ် ရင်းနှီးချစ်ခင်မှုများလည်း ရရှိခဲ့ကြပြီး ဖြစ်သကဲ့သို့ မိမိတို့၏ ဇာတိရပ်ရွာများသို့ ပြန်လည်သွားရောက် ပြီးနောက် တာဝန်များကို အသီးသီးထမ်းဆောင်ကြသည့်အခါ တွင်လည်း ပြည်ထောင်စုစိတ်ဓာတ်ကို ထပ်ဆင့် ဖြန့်ဝေပေးကြ လိမ့်မည်ဟု ယုံကြည်မိသည်။
Nov 19, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
Nov 19, 2021
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မင်္ဂလာဒုံ မြို့နယ်၊ အမှတ် (၃)လမ်းမကြီးဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝင်/ထွက်ပေါက်၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် အဖွဲ့ဝင်များအား အမည် (စိစစ်ဆဲ) ကျား ၃ ဦး မောင်းနှင် လာသည့် Probox ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်း ၁ ဦး၊ အပြစ်မဲ့ပြည်သူ ၁ ဦးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာများ အသီးသီး ရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
