Skip to main content

အသံတိတ်သပိတ်ဆင်နွှဲရန် အတင်းအဓမ္မခြိမ်းခြောက်ထားသည့်ကြားမှ နိုင်ငံတစ်ဝန်း သွားလာလှုပ်ရှားနေမှု ပုံရိပ်များ

နေပြည်တော်  ဒီဇင်ဘာ  ၁၀

နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUGနှင့် CRPH အဖွဲ့ က ဒီဇင်ဘာ ၁၀ ရက်ကို အသံတိတ်သပိတ် (Silent Strike Day) သတ်မှတ်၍ ပြည်သူများ အပြင်မထွက်ရန် လေလှိုင်းပေါ်မှ ထုတ်ပြန်ချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းကြောင့် ယနေ့တွင် မြို့ကြီးအချို့နှင့် ဒေသအချို့၌ ဈေးဆိုင်များပိတ်ထားခြင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းမတက်ခြင်း၊ ပြည်သူများ သွားလာလှုပ်ရှားမှု နည်းပါးခြင်းများ ရှိခဲ့သည်။

သို့ရာတွင် ထိုကဲ့သို့ ဈေးဆိုင်များပိတ်ခြင်း၊ ကျောင်းမတက်ခြင်း၊ သွားလာလှုပ် ရှားမှုနည်းပါးခြင်းမှာ အကြမ်းဖက်အဖွဲ့များ လိုလားသည့်အတိုင်း လက်ရှိအစိုးရအား ဆန့်ကျင်သည့်အနေဖြင့် အသံတိတ်သပိတ်တွင် ပူပေါင်းပါဝင်ဆောင်ရွက်ခြင်း မဟုတ်ဘဲ အကြမ်းဖက်သမားများ၏ လက်နက်အားကိုးဖြင့် ဒလန်ဟု အဓမ္မစွပ်စွဲကာ နိုင်ထက်စီးနင်းပြုလုပ်မည့်အန္တရာယ်ကြောင့် သွားလာလှုပ်ရှားမှုကို ဆင်ခြင်လိုက်ရခြင်း သာဖြစ် ကြောင်း ပြည်သူအများစုက ပြောကြားကြသည်။

နိုင်ငံတစ်ဝန်းရှိ နယ်မြေဒေသအသီးသီး၌ ယနေ့တွင် ပုံမှန်နီးပါး ဈေးများဖွင့်လှစ်‌ရောင်းချခြင်း၊ ကျောင်းများဖွင့်လှစ်ခြင်း၊ သွားလာလှုပ်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းများ ပြုလုပ်လျက်ရှိသည်ကို အောက်ပါအတိုင်း မြင်တွေ့ရသည်-

သတင်းစဉ်