Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ပေဖြန့်ချိလျက်ရှိသည်။

ဒီဇင်ဘာ ၁၁ ရက် (စနေနေ့)တွင် ပျားရည်များသည်လူသားတို့အတွက် တန်ဖိုးရှိကြောင်း ရေးဖွဲ့ထားသည့်ပန်းပွင့်နှင့်ပျားမျက်နှာဖုံးကာတွန်း၊ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေသော ပန်းပွင့်လေးများအကြောင်း တင်ဆက်ထားသည့်ပန်းပွင့်လေးများနှင့် ကျန်းမာရေးသုတဆောင်းပါး၊ သူငယ်ချင်း၏ ဆုတောင်းတစ်ခုကြောင့် အပြေးပြိုင်ပွဲတွင် အနိုင်ရရှိသွားသော မောင်သင်းအကြောင်းကို ဟာသဖြစ်ဖွယ်သရုပ်ဖော်ထားသည့်ဆုတောင်းမေနှစ်မျက်နှာကာတွန်း၊ ဆရာနေရောင်၏ တပည့်များနှင့်အတူ မန်ကျည်းသီးထောင်းနှင့် အရည်သောက်ဟင်းထမင်း ဝိုင်းပြင်ဆင်ရင်း တပည့်တို့အတွက် မှတ်သားလိုက်နာဖွယ်ရာ ဆုံးမစကားများပြောဆိုပုံအကြောင်း တင်ဆက်ထားသည့်မန်ကျည်းသီးထောင်း၊ အရည်သောက်ဟင်းလေးနှင့် ဆုံးမစကားဝတ္ထုကဏ္ဍ၊ ကဗျာကို ကဗျာကဲ့သို့ခံစားပြီးဖတ်မှ နားလည်မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့်မြသွန်းဖြိုးတစ်မျက်နှာကာတွန်း၊ သူတစ်ပါးမကောင်းကြောင်းအတင်းအဖျင်းပြော လိုက်ဖွတတ်သည့် ဒေါ်ဘုမအကြောင်း ရေးဖွဲ့ထားသည့်နှုတ်မစောင့်က ပျက်စီးရပုံပြင်ကဏ္ဍ အပါအဝင် ရွှေသွေးတို့လက်ရာကဏ္ဍ၊ အင်္ဂလိပ်စကား ဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ပါသည်။

သတင်းစဉ်