နေပြည်တော် ဖေဖော်ဝါရီ ၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက်မှ ၃၀ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တော ဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၅၃ ဒသမ ၄၂၄၄ တန်၊ သစ်မာ ၅၄ ဒသမ ၄၄၅၆ တန်၊ အခြားသစ် ၁၇၁ ဒသမ၁၀၀၄ တန် စုစုပေါင်း ၂၇၈ ဒသမ ၉၇၀၄ တန်၊ တရားခံ ၃၇ ဦး၊ ယာဉ်/ယန္တရား ၁၂ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်