Skip to main content

SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း (၂-၂-၂၀၂၂) ရက်နေ့

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။ 

၂။ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief flight) များဖြင့် ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများ၊ မြန်မာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ အစုလိုက်ကူးစက်ဖြစ်ပွားမှုများမှ ဓာတ်ခွဲနမူနာများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများမှ ရောဂါအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိရာ  အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတွင် (၂-၂-၂၀၂၂) ရက်နေ့က ဓာတ်ခွဲနမူနာ (၁၀) ခုအား ဓာတ်ခွဲစစ်ဆေး ခဲ့ရာ ဓာတ်ခွဲနမူနာ အားလုံးတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပါသည်။

၃။ ဖော်ပြပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ (၁၀) ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၀) ဦး ဖြစ်ပါသည်။  အဆိုပါ လူနာများအနက် ရောဂါလက္ခဏာရှိသူ () ဦးအား သတ်မှတ်ဆေးရုံတွင်လည်းကောင်း၊ ကျန်လူနာ () ဦးအား သီးခြားခွဲခြားထားရှိ၍ လည်းကောင်း ကုသစောင့်ရှောက်မှု ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် လျက်ရှိပါသည်။ ၎င်းတို့နှင့် အနီးကပ်ထိတွေ့သူများအား အသွားအလာကန့်သတ်ခြင်း (Strict Quarantine)နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ အား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

၄။ ယနေ့အထိ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိသူဦးရေ စုစုပေါင်း (၃၂၀) ဦး ရှိပြီဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာ အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန