Skip to main content

စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည် ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြား သည်။

နိုင်ငံတော်၏ အမျိုးသား မြေအသုံးချမှုမူဝါဒနှင့်လိုက်လျော ညီထွေဖြစ်စေရေး၊ သဟဇာတ ဖြစ်စေရေးအတွက် အမျိုးသား မြေအသုံးချမှု ကောင်စီ အောက်တွင် ကောင်စီ၏ လုပ်ငန်းတာဝန် များ၊ လုပ်ငန်းစဉ်များကိုအထောက် အကူပြုပေးနိုင်ရန် စိုက်ပျိုးရေး ဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင် အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကော်မတီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် မြေယာကဏ္ဍ ကျေးလက်ဒေသကဏ္ဍ တိုင်းရင်းသား ရေးရာကဏ္ဍ ငြိမ်းချမ်းရေးကဏ္ဍများမှ မူဝါဒများ လုပ်ငန်းစဉ်များနှင့်သက်ဆိုင် သည့်ဌာနများ အဖွဲ့အစည်းများမှ ကိုယ်စားပြုပညာရှင်များ ပါဝင်သည့် ၁၇ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက် ခြင်းဖြစ်ကာ ယနေ့ အစည်းအဝေးကို ပထမဆုံး အကြိမ်အဖြစ် ကျင်းပရခြင်း ဖြစ်သည်။

ယနေ့ အစည်းအဝေးသို့ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ကော်မတီ၏ လုပ်ငန်း တာဝန်များ၊ ကော်မတီတွင် ပါဝင်ကြသည့် ဌာနအဖွဲ့ အစည်းအသီးသီးက နိုင်ငံတော်အစိုးရ၏ မူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ၊ စီမံကိန်းများ၊ စီမံချက် များကို အမျိုးသားမြေ အသုံးချမှု မူဝါဒ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ (Agriculture Development Strategy, ADS) များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ကော်မတီ၏ ရှေ့လုပ်ငန်း အစီအစဉ်များ ချမှတ်နိုင်ရေး၊ မြေယာနှင့် သက်ဆိုင်သောအချက်များ၊ မြေယာနှင့် သက်ဆိုင်သော တည်ဆဲဥပဒေများ၊ ဌာနအဖွဲ့အစည်းတို့က အကောင်အထည် ဖော်လျက် ရှိနေကြသည့် မြေယာနှင့်သက်ဆိုင်သော စီမံကိန်းများ စီမံချက်များကိုမူအဖြစ် အခြေပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်