နေပြည်တော် ဖေဖော်ဝါရီ ၁၂
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းကို ခံယူသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့မှ ကိုလယ်စားလှယ်များနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသား လက်ကိုင်အဖွဲ့ အစည်း(၄)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်မှအရာရှိကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ အစိုးရ မဟုတ်သောအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ချီတက်နေရာယူ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ချီတက်အလေးပြု ကြမည့် စစ်ကြောင်းတပ်ခွဲများသည် (၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။
အလေးပြု
နံနက် (၇) နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဂုဏ်ပြုအခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်ရှိ အလေးပြုခံစင်မြင့်သို့ရောက်ရှိရာ အမြောက်တပ်ဖွဲ့က အမြောက်(၂၁)ချက် ပစ်ဖောက် ဂုဏ်ပြုပြီး စစ်ကြောင်းတပ်ခွဲများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက အလေးပြုကြသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် “ပြည်ထောင်စုအလံတော်”ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် ဦးဆောင်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံစောင့် အဖွဲ့နှင့် တိုင်းရင်းသား တိုင်းရင်းသူများခြံရံကာ နေပြည်တော် မြို့တော်ခန်းမမှ အခမ်းအနား ကျင်းပမည့် ဥပစာရင်ပြင်သို့ ပြည်ထောင်စုလှေဖြင့် သယ်ဆောင်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ထံ “ပြည်ထောင်စု အလံတော်” ကို လွှဲပြောင်းပေးအပ်သည်။
ငွေဖလား၌ စိုက်ထူ
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “ပြည်ထောင်စု အလံတော်” အား စင်မြင့်ထက်ရှိ ငွေဖလား၌ စိုက်ထူသည်။
ပြည်ထောင်စု အလံတော်”ကို အလေးပြု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စစ်ကြောင်း တပ်ခွဲများ၊ အခမ်းအနားသို့ တက်ရောက် လာကြသူများက “ပြည်ထောင်စု အလံတော်”ကို အလေးပြုကြပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သစ္စာအဓိဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ မိန့်ခွန်း ပြောကြားသည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်း အား သီးခြားဖော်ပြသွားပါမည်။)
ထို့နောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်ထံ “ပြည်ထောင်စုအလံတော်” ကို လွှဲပြောင်း ပေးအပ်သည်။
ပြန်လည်သယ်ဆောင်
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “ပြည်ထောင်စု အလံတော်” ကို တစ်နှစ်တာ ရပ်နားမည့် နေပြည်တော် မြို့တော်ခန်းမသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား တိုင်းရင်းသူများ ခြံရံ၍ ပြည်ထောင်စု လှေဖြင့် ပြန်လည်သယ်ဆောင်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကို တပ်မတော်(ကြည်း) ကိုယ်စားပြုအလံတော်ဖွဲ့၊ တပ်မတော် (ကြည်း) ကိုယ်စားပြုတပ်ခွဲ၊ လွှတ်တော်ကိုယ်စားပြုတပ်ခွဲ၊ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ တပ်မတော်ရေ ကိုယ်စားပြုအလံတော်အဖွဲ့၊ တပ်မတော်(ရေ) ကိုယ်စားပြုတပ်ခွဲ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ကိုယ်စားပြုတပ်ခွဲ၊ တပ်မတော်(ကြည်း) စစ်တီးဝိုင်းအဖွဲ့၊ တပ်မတော်(လေ) အလံတော်အဖွဲ့၊ တပ်မတော်(လေ) ကိုယ်စားပြုတပ်ခွဲ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားပြု တပ်ခွဲ၊ ဥပဒေရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံတော်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုတပ်ခွဲ၊ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တီးဝိုင်းတပ်ခွဲ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အလံတော်အဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကိုယ်စားပြုတပ်ခွဲ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ကိုယ်စားပြုအလံတော်အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တီးဝိုင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ စက်မှုဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ အလုပ်သမား ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကိုယ်စားပြု တပ်ခွဲ၊ ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အလံတော်အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာအဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန အလံတော်အဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ နိုင်ငံတော်ဗဟိုစစ်တီးဝိုင်းတို့က ချီတက်အလေးပြုကြသည်။
ထိုသို့ ချီတက်အလေးပြုနေစဉ် ဒုတိယဗိုလ်မှူးကြီး အောင်ဖြိုးကျော် ဦးဆောင်သည့် ကြိုးကြာ အုပ်ဖွဲ့ (၁) မှ Mi -17 ရဟတ်ယာဉ် တစ်စင်းသည် နိုင်ငံတော်အလံကို ချိတ်ဆွဲ၍ Eurocopter ရဟတ်ယာဉ် နှစ်စင်းတို့က စောင့်ကြပ်လိုက်ပါပျံသန်းကာ အမျိုးအစားမတူအုပ်ဖွဲ့ပုံသဏ္ဍာန် ပုံစံဖြင့်လည်းကောင်း၊ ဗိုလ်မှုးဇော်ဇော် ဦးဆောင်သည့် ကြိုးကြာအုပ်ဖွဲ့ (၂) သည် Mi-17 ရဟတ်ယာဉ် လေးစင်းနှင့် Mi-35P ရဟတ်ယာဉ် သုံးစင်းတို့က ပြည်နယ်နှင့်တိုင်းဒေသကြီး အလံများကို ချိတ်ဆွဲ၍လည်းကောင်း၊ ဗိုလ်မှူး ထင်အောင်လင်း ဦးဆောင်သည့် H-120 ရဟတ်ယာဉ် သုံးစင်း၊ H-125 ရဟတ်ယာဉ် နှစ်စင်းတို့ကလည်းကောင်း၊ အာကာအုပ်ဖွဲ့မှ ဗိုလ်မှူးနိုင်လင်း ဦးဆောင်သည့် Y-12 လေယာဉ် သုံးစင်းက မြားဦးသဏ္ဍာန်အုပ်ဖွဲ့ပုံစံဖြင့် လည်းကောင်း၊ ရန်အောင်အုပ်ဖွဲ့မှ ဗိုလ်မှူးထက်အောင်စံ ဦးဆောင်သည့် ATR-42 သယ်ယူ ပို့ဆောင်ရေး လေယာဉ် တစ်စင်း၊ Beech -1900 D သယ်ယူပို့ဆောင်ရေး လေယာဉ် နှစ်စင်းတို့သည် အမျိုးအစားမတူ အုပ်ဖွဲ့ပုံသဏ္ဍာန်ဖြင့် လည်းကောင်း၊ ရဲမာန်အုပ်ဖွဲ့မှ ဗိုလ်မှူးဝင်းမင်းထွန်း ဦးဆောင်သည့် K-8 W ဂျက်တိုက်လေယာဉ် ငါးစင်းတို့သည် မြားဦးပုံသဏ္ဍာန် အုပ်ဖွဲ့ပုံစံပျံသန်းပြီး နိုင်ငံတော်အလံကို ကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်မီးခိုးတန်း Smoke Trail များကို ထုတ်လွှတ်၍လည်းကောင်း၊ ယက္ခအုပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ဇော်မြင့်ထွန်း ဦးဆောင်သည့် Yak-130 တိုက်လေယာဉ် လေးစင်းတို့ကလည်းကောင်း၊ သူရိန်အုပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ထက်အောင်ခိုင် ဦးဆောင်သည့် F-7 ဂျက်တိုက်လေယာဉ် လေးစင်းတို့ကလည်းကောင်း၊ ရာဇာအုပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ရန်ကျော် ဦးဆောင်သည့် Mig -29 SE ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ငါးစင်းတို့ကလည်းကောင်း၊ ရဲမာန်အုပ်ဖွဲ့မှ K-8 W ဂျက်တိုက်လေယာဉ် ငါးစင်းတို့သည် ဒုတိယအကြိမ်အဖြစ် ပျံသန်းပြီး နိုင်ငံတော်အလံကို ကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးတန်း Smoke Trail များကို ထုတ်လွှတ်၍လည်းကောင်း ဂုဏ်ပြုပျံသန်း အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ထုတ်ကုန်များ ကို သရုပ်ဖော်ပြသထားသည့် နေပြည်တော် ကောင်စီနယ်မြေကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ပြည်ထောင်စုသွေး” သီချင်းဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြု ယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “မမေ့နိုင်တဲ့မြေ” သီချင်းဖြင့်လည်းကောင်း၊ ကယားပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ဖားစည်သံ” သီချင်းဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအက အဖွဲ့က “အောဟု - အောဟောင်” သီချင်းဖြင့် လည်းကောင်း၊ ချင်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ပျော်ရွှင်ဖွယ်နေ့ရက်များဆီသို့” သီချင်းဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအက အဖွဲ့က “အောင်လံ တဝေဝေ ရွှေစစ်ကိုင်းဌာနေ” သီချင်းဖြင့်လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “တိုးတက်ဝေစည် တနင်္သာရီ” သီချင်းဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ပဲခူးဟုခေါ်သည်” သီချင်းဖြင့်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး ကိုယ်စားပြုဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “လှသော အညာမြေ” သီချင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့် အတူဂုဏ်ပြုအကအဖွဲ့က “လှမ်းခဲ့ပေါ့မန္တလာမြေ” သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “တွဲလက်ညီညီ ရှေ့သို့ချီ” သီချင်းဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအက အဖွဲ့က “နာဝရူပဗျာလ”သီချင်းဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ပြည်ထောင်စုသွေးသား ဗမာဟေ့ဗမာ”သီချင်းဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအက အဖွဲ့က “နောင်အင်းလေး” သီချင်းဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်များနှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “မမပုသိမ်သူ” သီချင်းဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ ကိုယ်စားပြု ပြည်ထောင်စုယာဉ်နှင့်အတူ ဂုဏ်ပြုအကအဖွဲ့က “ဦးရွှေရိုးနှင့် ဒေါ်မိုး” အကဖြင့်လည်းကောင်း ဂုဏ်ပြုအလှပြ ကပြဖျော်ဖြေ တင်ဆက်ကြပြီး တပ်မတော်လေမှ ဒုတိယဗိုလ်မှူးကြီး ကျော်အောင် ဦးဆောင်သည့် ရာဇာအုပ်ဖွဲ့မှ Mig-29 SM ဘက်စုံသုံး ဂျက်တိုက် လေယာဉ် ငါးစင်းသည် မြားဦးပုံစံအုပ်ဖွဲ့ ပျံသန်းလာပြီး Fan Break ခေါ် ယပ်တောင်ပုံစံ ဖြန့်ခွဲပြီး Flare မီးကျည်များ ပစ်လွှတ်၍ဂုဏ်ပြုပျံသန်း အလေးပြုသည်။
ဂုဏ်ပြုဖျော်ဖြေနေစဉ်အတွင်း နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနား မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၁၀၀) တို့က ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အမည် စာလုံးများကို ညီညာလှပစွာ ပုံဖော်ပြသကြသည်။
ပြန်လည်ထွက်ခွာ
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများအား လက်ပြနှုတ်ဆက်၍ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရာ ဥပစာရင်ပြင်မှ ပြန်လည်ထွက်ခွာသည်။
ရင်းရင်းနှီးနှီးလက်ပြနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကိုယ်စားပြု အလှပြယာဉ်များနှင့် ဂုဏ်ပြုအကအဖွဲ့ များအား ရင်းရင်းနှီးနှီးလက်ပြနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)