Skip to main content

Sep 05, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီကိုးခုမှ Eprex 4000 Injection ၉၅၇ ခုı Durapen ၉၄၀၁ ခု၊ Clarithromycin Tablets ၅၀၀၊ Azithromycin Anhydrous ၄၀၀၀၊ Endoxan Tablets ၅၀၀၊ Vinoxarin Injection ၂၀၁၅၂ ခု၊ Cresp Injection ၂၀၀၀၊ Favtris Tablets ၅၀၁၁ ခု၊ Silex 1G Powder For Injection ၁၀ ခု၊ အိမ်သုံး အောက်ဆီဂျင်စက် ခြောက်ခု၊ ရန်ကုန် ဆိပ်ကမ်းများမှ Raw For Medicine ၁၁၀၀၀ ကီလိုဂရမ်၊ အိမ်သုံးအောက်ဆီဂျင်စက် ၄၄၀၊ Surgical Face Mask ၃၆၀၀၀၊ Oxygen Plant ၉ ခု၊ ဆေးဝါးမျိုးစုံ ၆၉၅၉၀ ကီလိုဂရမ်၊ နယ်စပ်(ချင်းရွှေဟော်၊ မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ကိုးကန့်)တွင် ကုမ္ပဏီ ၂၄ ခုတို့မှ

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

နောက်ဗိုင်းရပ်စ် အကြိုက်ဆုံးက မည်သူမဆို ကိုဗစ်စည်းကမ်းတွေကို ဖောက်တယ်ဆိုရင် သူ့အနေနဲ့ ဝင်မှာဖြစ်ပါတယ်(ဒေါက်တာ သန်းနိုင်စိုး) မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ အကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့သည် တိုင်းဒေသကြီးဝန်ကြီးများ နှင့်အတူ ပြင်ဦးလွင်မြို့နယ် သက္ကံချိုင်းကျေးရွာရှိ Haewoo Myanmar Co.,Ltd Dextrose Monohydrate ဂေါ်ဖီထုပ်၊ မုန်လာဥနီအခြောက်ခံ စက်ရုံသို့ ယနေ့ နံနက် ၁၀ နာရီခွဲက ရောက်ရှိလာရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းနှင့် စက်ရုံမှတာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ဥယျာသီရိစာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက်တစ်ခုလျှင် ဆန်အိတ် ၅၀၊ ဆီပိဿာ ၅၀၊ ကုလားပဲ သုံးအိတ်၊ ကြက်ဥအလုံး ၁၀၀၀ နှင့် ဆားငါးအိတ်တို့ကို သွားရောက်လှူဒါန်းသည်။ ။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်မှု အခြေအနေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂ ရက်နှင့် စက်တင်ဘာ ၃ ရက်တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၇၇ ဦး၊ အမျိုးသမီး ၁၅၃ ဦး၊ စုစုပေါင်း ၃၃၀ ဦး၊ ချင်းရွှေဟော်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦး၊ လောက်ကိုင်မြို့သို့ ဝင်ရောက်လာသည့် အမျိုးသား ၁ ဦးကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၂၀၃ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေး ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော အဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆ ဦးသည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ်ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ ‌သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက် ၄ လက်နှင့် ခဲယမ်းအချို့ကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပြင်ဦးလွင်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံ ခုတင်(၇၀၀)တွင် အရပ်ဘက်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် လူနာများကို ကုသစောင့်ရှောက်ပေးခဲ့ကြ သည့် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝန်ထမ်းများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ ယနေ့နံနက် ၉ နာရီက ရောက်ရှိလာရာ အဆိုပါ ဆေးရုံမှ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြင်ညောင်ရှိ ရွှေတောင်သတ္တု တူးဖော်ရေးကုမ္ပဏီလီမိတက်၏ ထုံးကျောက်လုပ်ကွက်၊ အပါချီဘိလပ်မြေ စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ လိုက်နာ ဆောင်ရွက်ထားမှု အခြေအနေ တို့ကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည်။ အလုပ်ပိတ် ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်ရောဂါ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးဖြစ်သည်။ ကိုဗစ်တတိယလှိုင်း ကာလ၌ အလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ခြောက်ကြိမ်သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်းတိကျစွာ လိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်တိုက်တွန်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 04, 2021

၂ဝ၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် ရန်ကုန် - အင်းစိန် မြိုပတ်ရထားပေါ်၌ အကြမ်းဖက် လက်နက်ကိုင်များ အငိုက်ဖမ်းပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲဝင် ၄ ဦး ကျဆုံးကာ လက်နက်ခဲယမ်းအချို ဆုံးရှုးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လည်ဖမ်းဆီး နှိမ်နင်းနိုင်ရေး ထိထိရောက်ရောက်ဆောင်ရွက်ခဲ့ရာ သတင်းဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲဝင်များသည်

ဆက်လက်ဖတ်ရှုရန်

Sep 04, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 04, 2021

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၃၅)မိနစ်၊ (၁၁)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၁၀၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အနောက်မြောက်ဘက် (၂၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၇၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 04, 2021

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် စက်တင်ဘာ ၂ ရက်တွင် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)သို့ ရောက်ရှိပြီး သင်တန်းခန်းမများ၊ မြို့ပြအင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊ သုတနည်းပညာအင်ဂျင်နီယာဌာန၊ မော်တော်ယာဉ် နည်းပညာ အင်ဂျင်နီယာဌာန၊ စက်မှုပုံစံပြုနှင့် CNC ဌာနများသို့ သွားရောက်၍ တပ်ဆင်ဆောင်ရွက် ထားသည့် LAB ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်စေရန် လေ့ကျင့်သင်ကြားဆောင်ရွက်နိုင်စေရန် စီစဉ်ထားရှိမှုများ၊ သင်တန်းသား အိပ်ဆောင်များနှင့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 04, 2021

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၃ ရက် နံနက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီး အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းရှိ စားရိပ်သာနှင့် သင်တန်းသား/ သင်တန်းသူများ ကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်