Skip to main content

လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေရန်၊ ခေတ်စနစ်နှင့် ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသည့် လူမှုဖူလုံရေးစနစ်များကို အကောင်အထည်ဖော်နိုင်ရန် ရေရှည်မျှော်မှန်းချက်များ ချမှတ်လုပ်ဆောင်လျက်ရှိ

နေပြည်တော် မတ် ၇

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ အရာထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)စုဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် လူမှုဖူလုံရေးရုံးချုပ်မှ ဦးစီးအရာရှိ သင်တန်းသား ၂၃ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/မြို့နယ်ရုံးခွဲများမှ အွန်လိုင်းဖြင့် ဦးစီးအရာရှိ သင်တန်းသား ၂၅ ဦး စုစုပေါင်း အရာထမ်း ၄၈ ဦး တက်ရောက်ခဲ့သည်။

ဖွင့်လှစ်ပို့ချခြင်းဖြစ်

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသည် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဦးစီးအရာရှိများ ကို လုပ်ငန်းခွင်ဆိုင်ရာ စွမ်းဆောင်ရည်နှင့် အရည်အသွေးများ တိုးတက်မြှင့်တင်ပေးနိုင်ရန်၊ ဌာနတွင်း | သက်ဆိုင်ရာ ဘာသာရပ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် မိတ်ဖက်ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များ၊ လတ်တလောဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့် ကိုက်ညီသည့် ရုံးလုပ်ငန်းများကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချ လုပ်ကိုင်သွားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း။ ။

ကြိုးပမ်းအားထုတ်

လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်စေရန် ရည်ရွယ်ပြီး နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့ (International Social Security Association - ISSA)၊ အာဆီယံလူမှုဖူလုံ 69:3000€: (ASEAN Social Security Association -ASSA)တို့နှင့် ပူးပေါင်းပြီး နိုင်ငံတကာအဆင့်အဆင့်မီ လူမှုဖူလုံရေးအဖွဲ့ ဖြစ်စေရန် အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုဖူလုံရေးလုပ်ငန်းများကို ခေတ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ လူမှုဖူလုံရေးပညာရှင်တွေ ဆွေးနွေးပြုစုထားသော ISSA Guidelines များပါ အချက်အလက်၊ အသိပညာများကို လေ့လာကိုးကားပြီး မိမိတို့ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဌာနအဖွဲ့အစည်းဖြစ်သည့် လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန် များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် သက်ဆိုင်ရာရာထူး အဆင့်ဆင့်အလိုက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ပြည့်ဝနေရန် ကြိုးပမ်းအားထုတ် သွားရန် လိုအပ်ကြောင်း။

ချမှတ်လုပ်ဆောင်လျက်ရှိ

လူမှုဖူလုံရေးအဖွဲ့သည်အလုပ်ရှင်/အလုပ်သမားများ၏ အကျိုး၊ အများပြည်သူအကျိုးကို ရှေးရှုပြီး လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင် သည့် စီမံကိန်းဖြစ်လာစေရန်၊ ခေတ်စနစ်နှင့် ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသည့် လူမှုဖူလုံရေး စနစ်များကို အကောင်အထည်ဖော်နိုင်ရန် ရေရှည် မျှော်မှန်းချက်များ ချမှတ်လုပ်ဆောင်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် အားသွန်ခွန်စိုက် လိုက်ပါ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းကို Hybrid Training ပုံစံဖြင့် လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ်မှ သင်တန်းသားများအား စုဝေးခန်းမ၌ ကိုယ်တိုင်တက်ရောက်စေခြင်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/ မြို့နယ်ရုံးခွဲများမှ သင်တန်းသားများအား အွန်လိုင်း ဖြင့် တက်ရောက်စေခြင်းဖြင့် လည်းကောင်း မတ် ၇ ရက်မှ ၁၈ ရက်အထိ ကိုးရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်